၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားမှ ရာခိုင်နှုန်း ၄၀၊ သဘာဝဓာတ်ငွေ့မှ ၃၄ ရာခိုင်နှုန်း၊ Solar မှ ၁၄ ရာခိုင်နှုန်းဖြစ်ပြီး မဂ္ဂါဝပ် ၈၁၀၀ ကျော်အထိ တိုးတက်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားမှ ရာခိုင်နှုန်း ၄၀၊ သဘာဝဓာတ်ငွေ့မှ ၃၄ ရာခိုင်နှုန်း၊ Solar မှ ၁၄ ရာခိုင်နှုန်းဖြစ်ပြီး မဂ္ဂါဝပ် ၈၁၀၀ ကျော်အထိ တိုးတက်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
(၃၈) ကြိမ်မြောက် အာဆီယံအင်ဂျင်နီယာအသင်းချုပ်ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့စဉ် (ဓာတ်ပုံ- MOEE)
(၃၈) ကြိမ်မြောက် အာဆီယံအင်ဂျင်နီယာအသင်းချုပ်ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့စဉ် (ဓာတ်ပုံ- MOEE)
Published 26 November 2020
ဇေယျာငြိမ်း

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု Generation Mix သည် ရေအားမှ ရာခိုင်နှုန်း ၄၀၊ သဘာဝဓာတ်ငွေ့မှ ၃၄ ရာခိုင်နှုန်း၊ Solar မှ ၁၄ ရာခိုင်နှုန်းဖြစ်ဖြစ်ပြီး မဂ္ဂါဝပ် ၈၁၀၀ ကျော်အထိ တိုးတက်လာမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

နိုဝင်ဘာ ၂၅ ရက်တွင် ဗီယက်နမ်နိုင်ငံ The Vietnam Union of Science and Technology Association (VUSTA) က ကြီးမှူး၍ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ Hybrid System ဖြင့် ကျင်းပသည့် (၃၈) ကြိမ်မြောက် အာဆီယံအင်ဂျင်နီယာအသင်း ချုပ်ညီလာခံကို အွန်လိုင်းဖြင့်တက်ရောက်စဉ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ Generation Mix သည် ရေအားလျှပ်စစ် ရာခိုင်နှုန်း ၄၀၊ သဘာဝဓာတ်ငွေ့ ၃၄ ရာခိုင်နှုန်း၊ Solar (နေရောင်ခြည်စွမ်းအင်) ၁၄ ရာခိုင်နှုန်းဖြစ်ပြီး စက်တပ်ဆင်အင်အား ၈၁၁၈ မဂ္ဂါဝပ်အထိ တိုးတက်လာမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်ခိုင်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ် မတိုင်မီကာလအထိ ၃၄ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခဲ့သော်လည်း အစိုးရသစ်လက်ထက်တွင် ဦးစားပေးကြိုးပမ်းဆောင်ရွက်မှုများကြောင့် လက်ရှိ ၂၀၂၀  ပြည့်နှစ်တွင် ၅၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း၊ ဆက်လက်၍ ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့်လျှပ်စစ်ဓာတ်အား ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်အရင်းအမြစ်များမှာ အဓိကအားဖြင့် ရေအားနှင့် နေရောင်ခြည်စွမ်းအင်ကဲ့သို့ ပြန်ပြည့်မြဲစွမ်းအင်နှင့် သဘာဝဓာတ်ငွေ့နှင့် LNG ကဲ့သို့ သန့်ရှင်းသော စွမ်းအင်များကို အခြေခံထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် လျှပ်စစ်စွမ်းအင်အရင်းအမြစ်ပါဝင်မှုအချိုးအစားနှင့် ဓာတ်အားသုံးစွဲမှု စုစုပေါင်းတပ်ဆင်အင်အား ၆၀၃၄ မဂ္ဂါဝပ်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန်ဦးတင် မောင်ဦးက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသုံးရုံမှ ၄၅ ဒသမ ၆ မဂ္ဂါဝပ်၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံရှစ်ရုံမှ ၉၂၇ မဂ္ဂါဝပ်၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ရုံမှ မဂ္ဂါဝပ် ၄၀ စုစုပေါင်းဓာတ်အားပေးစက်ရုံ ၁၂ ရုံမှ ၁၀၁၂  ဒသမ ၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် ဧပြီအထိ ယူနစ်သန်းပေါင်း ၈၀၃၄၅ ဒသမ ၆၄၅ ယူနစ်ကို ရောင်းချနိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်

နှစ်အလိုက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲခဲ့မှုအနေဖြင့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားလျှပ်စစ်မှကီလိုဝပ် နာရီသန်းပေါင်း ၁၁၂၂၄ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း  ၉၂၀၀ ကျော် ထုတ်လုပ်ခဲ့သည်။

 

Most Read

Most Recent