အက်စတွန်ဗီလာ ကွင်းလယ်လူ ဂရီးလစ်ရှ်အား ပရီးမီးယားလိဂ် ထိပ်တန်းနည်းပြများ ဝိုင်းဝန်းချီးကျူးနေကြ

အက်စတွန်ဗီလာ ကွင်းလယ်လူ ဂရီးလစ်ရှ်အား ပရီးမီးယားလိဂ် ထိပ်တန်းနည်းပြများ ဝိုင်းဝန်းချီးကျူးနေကြ
Photo: Getty Images
Photo: Getty Images
Published 12 November 2020

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ထိပ်တန်းနည်းပြများအပါအဝင် နည်းပြ အတော်များများသည် အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြကစားနေသည့် ကြယ်ပွင့်ကွင်းလယ်ကစားသမား ဂရီးလစ်ရှ်အား ဝိုင်းဝန်းချီးကျူးနေကြကြောင်း သိရှိရသည်။

ဂရီးလစ်ရှ်သည် ယခုရာသီ တွင် ဗီလာအသင်းကို အကောင်းဆုံး ဦးဆောင်နေသူဖြစ်ပြီး လီဗာပူးလ်၊ လက်စတာ၊ အာဆင်နယ် စသည့်အသင်းများကို အနိုင်ကစားခဲ့ရာတွင် ခြေစွမ်းပြခဲ့သူဖြစ်သည်။

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက "သူက ကစားကွက် ဘယ်လိုတည်ဆောက်ရမလဲဆိုတာ အလိုလိုနားလည်တဲ့ ဦးနှောက်ပါလာတဲ့သူ။ သူဘောလုံးဆွဲ ပြေးတာနဲ့ နေရာလွတ်တွေပေါ်လာရော" ဟု ဆိုခဲ့သည်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကလည်း "မယုံနိုင်စရာ ကစားသမား။ တကယ့်ထိပ်တန်းအဆင့်ပါ။ အခွင့်အရေးတွေ အမြဲဖန်တီးနိုင်တဲ့ ပါရမီမျိုး သူ့ဆီမှာရှိတယ်။ ဒီလိဂ်ရဲ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ" ဟု ချီးကျူးခဲ့ပြီး ကလော့ပ် က "ဘယ်လောက်ကောင်းတဲ့ ကစားသမားလဲ။ သူအကြိုက်ဆုံးနေရာကနေ ဘောလုံးဆွဲလာပြီဆိုရင် ကျွန်တော် တို့ရဲ့ခံစစ်မှာ သူ့ကိုတားဆီးဖို့အတွက် ပြင်ဆင်မှုတွေကို ခက်ခက်ခဲခဲလုပ်ရလေ့ရှိတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent