ကိုဗစ်ကာလအတွင်း ဘောလုံးသမားများ၏ ဂိမ်းစွဲလမ်းမှု (၃)ဆမြင့်တက်လာသည်ဟု နာမည်ကျော်စိတ်ကုထုံးဆရာဝန် ဆို

ကိုဗစ်ကာလအတွင်း ဘောလုံးသမားများ၏ ဂိမ်းစွဲလမ်းမှု (၃)ဆမြင့်တက်လာသည်ဟု နာမည်ကျော်စိတ်ကုထုံးဆရာဝန် ဆို
Photo: Getty Images
Photo: Getty Images
Published 12 November 2020

ကိုဗစ်ကာလအတွင်း ဘောလုံးသမားများ၏ ဂိမ်းစွဲလမ်းမှု (၃)ဆ မြင့်တက်လာသည်ဟု နာမည်ကျော်စိတ်ကုထုံးဆရာဝန် စတိဗ်ပုပ်က ဖွင့်ဟပြောကြားခဲ့သည်။

စတိဗ်ပုပ်သည် ဗြိတိန်နိုင်ငံတွင် ထင်ရှားသည့် စိတ်ကုထုံးဆရာဝန်နှင့် စိတ်ပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သည်။

စတိဗ်ပုပ်က လက်ရှိအချိန်တွင် ပရိုကစားသမား(၁၅)ဦးနှင့် ဆီမီးပရိုကစားသမား(၃၀)ဦးတို့သည် ဂိမ်းစွဲလမ်းမှုနှင့် မိမိထံမှ အကြံပေးကုသမှုကို ခံယူနေရသည်ဟု ဖွင့်ဟခဲ့သည်။

ယင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမအကြိမ် Lockdown ချသည့် အချိန်မှစတွက်လျှင် (၃)ဆမြင့်တက် လာခြင်းဖြစ်ကြောင်း သိရသည်။

စတိဗ်ပုပ်က "ဂိမ်းစွဲခြင်းက မနားတမ်း ထိုးတက်လာပြီး ထိန်းမရ ဖြစ်လာပါတယ်။ ပထမတစ်ခါ Lockdown ပြီးနောက် ကျွန်တော့်ဆီလာတဲ့ ဘောလုံးသမားလူနာ (၃)ဆ မြင့်တက်လာပါတယ်။ ဘောလုံးက ရပ်သွားတဲ့အခါ ဘောလုံးသမားတွေ လုပ်စရာ မရှိတော့ပါဘူး။ ဂိမ်းကို စွဲလမ်းဖို့ ဖြစ်လာပါတယ်။ ဘောလုံးသမားတွေမှာ ပုံမှန်ထက် လွန်ကဲတဲ့ ပင်ကိုစရိုက်ရှိပြီး သူတို့ဟာ တခြားသူတွေထက် အချိန်လည်း ပိုရပါတယ်။ တိတ်တဆိတ်ဖြစ်ပေါ်နေတဲ့ ကူးစက်ရောဂါဖြစ်ပြီး စိတ်ပိုင်းအရ ပျက်စီးစေပါတယ်" ဟု ပြောကြားခဲ့သည်။

ဆောက်သမ်တန်နည်းပြ ဟာဆန်ဟူတယ်လ်က ကစားသမားများသည် အရက်စွဲခြင်း၊ ဆေးစွဲခြင်းကဲ့သို့ ဂိမ်းစွဲခြင်း ဖြစ်လာနေပြီး ၎င်းအနေဖြင့် ကစားသမားများအတွက် Wifi ပိတ်ထားသည်ဟု ပြီးခဲ့သည့်နှစ်က ဖွင့်ဟခဲ့ဖူးသည်။

Most Read

Most Recent