နိုင်ငံတကာခြေစမ်းပွဲ နှင့် တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်

နိုင်ငံတကာခြေစမ်းပွဲ နှင့် တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်
Published 12 November 2020

အင်္ဂလန်အသင်းဟာ ဘယ်လ်ဂျီယံအသင်းနဲ့ပွဲစဉ်မတိုင်ခင်မှာ အိုင်ယာလန်အသင်းနဲ့ ကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ် . . . 

အင်္ဂလန် နှင့် အိုင်ယာလန် (သောကြာနံနက် ၂း၃၀ နာရီ)

ထိပ်တိုက်တွေ့ဆုံမှုအရ အင်္ဂလန်အသင်းက အိုင်ယာလန်ကို ၁၉၈၅ ခုနှစ်နောက်ပိုင်းကတည်းက အနိုင်မရတော့ဘူး။ ဒီ(၂)သင်းက အိမ်နီးချင်းပြိုင်ဘက်တွေလည်းဖြစ်တာကြောင့် ဆုံတွေ့တဲ့ပွဲတိုင်း ပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြိတ်အနယ်ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ အိုင်ယာလန်က လတ်တလောမှာ ဖင်လန်အသင်းကိုတောင် အနိုင်ကစားနိုင်တော့တဲ့အထိ ကျဆင်းလာတယ်။ နိုင်ငံတကာနောက်ဆုံး(၇)ပွဲဆက်တိုက်လည်း နိုင်ပွဲပျောက်ထားတာတွေ့ရတယ်။ ဝင်ဘလေမှာ အင်္ဂလန်ကိုပဲ ရွေးချယ်ချင်တယ်။ 

ဘိုလစ်ဗီးယား နှင့် အီကွေဒေါ (သောကြာနံနက် ၂း၃၀ နာရီ)

လက်ရှိအနေအထားမှာ အာဂျင်တီးနားကို ပယ်နယ်တီနဲ့ ကပ်ရှုံး၊ ဥရုဂွေးကို ဂိုးပြတ်အနိုင်ကစားထားတဲ့ အီကွေဒေါအသင်းက ဘိုလစ်ဗီးယားထက် များစွာသာပါတယ်။ စိတ်ဓာတ်ပိုင်းမှာလည်း အသင်းကြီးတွေနဲ့ အောင်မြင်စွာအစမ်းသပ်ခံပြီးတဲ့ အီကွေဒေါက ယုံကြည်မှုပိုရှိနေနိုင်တာ သေချာပါတယ်။ ဘိုလစ်ဗီးယားအသင်းက အသစ်တစ်ဖန် တည်ဆောက်နေရတဲ့အသင်းဖြစ်ပြီး အီကွေဒေါကိုလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းပွဲတွေမှာ နောက်ဆုံးအနိုင်ရခဲ့တာ ၁၉၉၇ ခုနှစ်ကပါ။ အီကွေဒေါကိုပဲ ရွေးချယ်တာ ပိုကောင်းမယ်။

Most Read

Most Recent