ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း နိုင်ငံတကာခြေစမ်းပွဲများ ကစားခြင်းနှင့် ကစားသမားများကို လေ့ကျင့်ခန်းပြန်ဆင်းခွင့်ပြုသည့်ပုံစံအား ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်တိုဝေဖန် 

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း နိုင်ငံတကာခြေစမ်းပွဲများ ကစားခြင်းနှင့် ကစားသမားများကို လေ့ကျင့်ခန်းပြန်ဆင်းခွင့်ပြုသည့်ပုံစံအား ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်တိုဝေဖန် 
Photos : Getty Images
Photos : Getty Images
Published 11 November 2020

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း နိုင်ငံတကာခြေစမ်းပွဲများကစားခြင်းနှင့် နိုင်ငံတကာပွဲများမှပြန်လာသောကစားသမားများကို ကလပ်အသင်းတွင်လေ့ကျင့်ခန်း ပြန်ဆင်းခွင့်ပြုသည့်ပုံစံအား ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်တိုက ဝေဖန်ခဲ့သည်။ 

ပြီးခဲ့သည့် တစ်ပတ်ကြာသပတေးနေ့က ပြုလုပ်ခဲ့သော ပရီးမီးယားလိဂ်ကလပ်အသင်း ရှယ်ယာရှင်များအစည်းအဝေးတွင် နိုင်ငံတကာပွဲများမှ ပြန်လာသောကစားသမားများကို ကလပ်အသင်းတွင် လေ့ကျင့်ခန်းပြန်ဆင်းခွင့်ပြုသည့်ပုံစံအား ပြောင်းလဲရန်သဘောတူခဲ့ကြသည်။

ပြောင်းလဲလိုက်သော ပုံစံအရ ကစားသမားများအနေဖြင့် ဆေးစစ်ဆေးမှုခံယူပြီး ပိုးမရှိကြောင်း(Negative ဖြစ်ကြောင်း တွေ့ရှိရမှသာ ကလပ်တွင် လေ့ကျင့် ခန်းဆင်းခွင့် ရရှိမည်ဖြစ်သည်။ ယခင်ကမူ နိုင်ငံတကာပွဲများ ကစားခြင်းမှ ပြန်လည်ရောက်ရှိလာပါက ကလပ်အသင်းတွင် လေ့ကျင့်ခန်း ချက်ချင်း ပြုလုပ်နိုင်မည်ဖြစ်သော်လည်း ယခုပိုမိုစိတ်ချရစေရန် ပုံစံပြောင်းလဲခဲ့ခြင်းဖြစ်သည်။ 

နူနိုဆန်တိုက "ကစားသမားတွေက အင်္ဂါ၊ ဗုဒ္ဓဟူး နေ့တွေမှာ ပြန်ရောက်လာရင်လည်း သူတို့က (လေ့ကျင့်ခန်းဆင်းလို့ မရသေးဘဲ)ပရီးမီးယားလိဂ်ရဲ့ဆေးစစ်ဆေးမှုကို စောင့်ရပါဦးမယ်။ ဒီကြားထဲ အချိန်တွေမှာ သူတို့က ဘာတွေလုပ်နေရမှာလဲ။ ဆေးစစ်ဆေးရင်လည်း အဖြေသိဖို့က နောက်ထပ်(၂၄) နာရီလောက် စောင့်ရပါဦးမယ်။ ကျွန်တော်တို့ ဘယ်လိုအလုပ်လုပ်ရမှာလဲ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent