ဘဏ္ဍာရေးအခက်အခဲကြောင့် အဓိကတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ဂျူဗင်တပ်စ်အသင်း ရောင်းချရဖွယ်ရှိ

ဘဏ္ဍာရေးအခက်အခဲကြောင့် အဓိကတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ဂျူဗင်တပ်စ်အသင်း ရောင်းချရဖွယ်ရှိ
Photos : Getty Images
Photos : Getty Images
Published 11 November 2020

ဂျူဗင်တပ်စ်အသင်းသည် အဓိကတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ဘဏ္ဍာရေးအခက်အခဲကြောင့် ယခုရာသီကုန်တွင် ရောင်းချသွားရန်စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဗိုင်းရပ်စ်ကပ်ဘေးကြောင့် အသင်း၏ဝင်ငွေပိုင်း ထိခိုက်ခဲ့ရသဖြင့် ဂျူဗင်တပ်စ်အသင်းက စီရော်နယ်လ်ဒိုကို စာချုပ်သက်တမ်းကုန်မည့် ၂၀၂၂  ခုနှစ်တွင် ပြောင်းရွှေ့ကြေး လွတ်ဖြင့် လက်လွှတ်ရမည့်အစား ယခုရာသီကုန်တွင် ရောင်းချပြီး ပြောင်းရွှေ့ကြေးငွေ အမြောက်အမြားရရှိရန် မျှော်လင့်နေခြင်း ဖြစ်သည်။ 

ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ရန် မျှော်လင့်ချက်ဖြင့် ၂၀၁၈ ခုနှစ်တွင် ရီးယဲလ်အသင်းမှ စီရော်နယ်လ်ဒိုကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် ခေါ်ယူခဲ့ပြီး ပြီးခဲ့သည့်ချန်ပီယံလိဂ် နှစ်ကြိမ်တွင် ကွာတားဖိုင်နယ်၊ ၁၆ သင်းအဆင့်များမှ ထွက်ခဲ့ရသဖြင့် ထူးမခြားနားသည့်အခြေအနေကြောင့် စီရော်နယ်လ်ဒိုကို ရောင်းချကာ ငွေကြေးအကျပ်အတည်းကို ဖြေရှင်းဖွယ်ရှိနေကြောင်း သိရသည်။ 

အသက် ၃၅ နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် လက်ရှိစာချုပ်အရ ဂျူဗင်တပ်စ်အသင်းတွင် တစ်နှစ် ယူရို ၃၁ သန်း ရရှိနေပြီး အသင်း၏ဒုတိယလစာအများဆုံးဖြစ်သည့် ဒီလစ်(ယူရို ၁၆ သန်း)ထက် နှစ်ဆနီးပါး များပြားနေခြင်းဖြစ်သည်။ 

စီရော်နယ်လ်ဒိုသည် ၎င်းကစားသည့် ယခုရာသီ စီးရီးအေအဖွင့်လေးပွဲတွင် ခြောက်ဂိုးအထိ သွင်းယူပေးထားပြီး စုစုပေါင်း ၉၄ ပွဲကစားရာ၌ ၇၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent