အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်

အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 11 November 2020

ဂီနီ - ချတ်ဒ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ ည ၁၀:၃၀ နာရီ)

ဒီအုပ်စုမှာ ချတ်ဒ်အသင်း အိမ်ဖြည့်သက်သက်အဆင့်သာရှိနေပြီး ကျန်အသင်း(၃)သင်းပဲ အပြိုင်လုရမဲ့အနေအထား ရှိပါတယ်။ ဂီနီအသင်း ဒီလိုပွဲမျိုးမှာ အမှတ်ပြည့်အရယူမှာ သေချာပါတယ်။

ကင်ညာ - ကိုမိုရော့စ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ ည ၁၀:၃၀ နာရီ)

အီဂျစ်အသင်းပါဝင်နေတဲ့ အုပ်စုဖြစ်လို့ အခုပွဲက ခြေစစ်ပွဲအောင်ဖို့ လက်ကျန်တစ်နေရာလုပွဲအဖြစ် သတ်မှတ်လို့ရပါတယ်။ ကင်ညာကွင်းဖြစ်လို့ အိမ်ရှင်ကိုပဲ ရွေးချယ်တာပိုကောင်း မယ်။

ဆီနီဂေါ - ဂီနီဘစ်ဆော (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ ည ၁၀:၃၀ နာရီ)

အဖွင့်(၂)ပွဲစလုံး အနိုင်ရထားတဲ့ ဆီနီဂေါအသင်းက အုပ်စုကို စောစောစီးစီး ဖြတ်ထားဖို့များပါတယ်။ ဂီနီဘစ်ဆော ခြေစွမ်းမာပေမဲ့ အဝေးကွင်းမှာ ဆီနီဂေါလိုအသင်းကို ယှဉ်နိုင်ဖို့ ခက်ပါတယ်။ ဆီနီဂေါကိုပဲ ရွေးချင်တယ်။

လစ်ဗျား - အီကွေတိုရီယဲလ်ဂီနီ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်၊ နံနက် ၁:၃၀ နာရီ)

လစ်ဗျားအနေနဲ့ အုပ်စုဒုတိယနေရာ မျှော်လင့်ချက်ရှိလို့ ဒီလိုပွဲမျိုးမှာ အမှတ်လျော့ခံလို့မဖြစ်ပါဘူး။ လစ်ဗျား အနိုင်ကစားဖို့များတယ်။

■ အခြားပွဲစဉ်များ 

*ကိတ်ဗာဒီ - ရဝမ်ဒါ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ ည ၁၀:၃၀ နာရီ)

*မော်ရီတေးနီးယား - ဘူရွန်ဒီ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၁ ရက်၊ ည ၁၀:၃၀ နာရီ)

Most Read

Most Recent