ဗီလာအသင်းကို ရှုံးနိမ့်ခဲ့ခြင်းသည် မိမိ၏ အာဆင်နယ်နည်းပြဘဝတွင် အဆိုးရွားဆုံးပွဲဖြစ်ပြီး ၎င်းတွင်သာ တာဝန်ရှိသည်ဟု အာတီတာ ဝန်ခံ

ဗီလာအသင်းကို ရှုံးနိမ့်ခဲ့ခြင်းသည် မိမိ၏ အာဆင်နယ်နည်းပြဘဝတွင် အဆိုးရွားဆုံးပွဲဖြစ်ပြီး ၎င်းတွင်သာ တာဝန်ရှိသည်ဟု အာတီတာ ဝန်ခံ
Photo: Daily Mail
Photo: Daily Mail
Published 9 November 2020

အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာတီတာက အက်စတွန်ဗီလာအသင်းကို ရှုံးနိမ့်ခဲ့ခြင်းသည် မိမိ၏ အာဆင်နယ်နည်းပြဘဝတွင် အဆိုးရွားဆုံးပွဲတစ်ပွဲဖြစ်ပြီး ယင်းအတွက် မိမိတွင် အပြည့်အဝတာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။

အာတီတာက "ကျွန်တော်တို့ အသင်းက လုံလောက်တဲ့ စွမ်းဆောင်ရည်ကို မပြသနိုင်ခဲ့ဘူး။ အက်စတွန်ဗီလာအသင်းကို ချီးကျူးချင်ပြီး သူတို့က ကျွန်တော်တို့ထက်နိုင်ပွဲကို ပိုမိုဆာလောင်ခဲ့ပါတယ်။ ကျွန်တော်က ဘာတွေဖြစ်နေသလဲဆိုတာကို အဖြေရှာဖို့ ခက်ခဲခဲ့ပြီး တကယ်တော့လည်း အဖြေက ရှိပြီးသားပါ။ ကိုယ့်ခံစစ်ဇုန်ကို မကာကွယ်နိုင်ရင်၊ အဲဒီပွဲတစ်ပွဲကို  နိုင်ဖို့ကလည်း တကယ်ခက်ပါတယ်။ ကျွန်တော်တို့အသင်းဟာ ဂိုးတွေအများကြီး မသွင်းနိုင်ခဲ့ပါဘူး။ ဒီပွဲမှာ တော့ခံစစ်ကနေ တိုက်စစ်ကို အလျင်အမြန်ကူးပြောင်းမှုတွေကနေ အခွင့်အရေးအချို့ရခဲ့ပါတယ်။ ဒါပေမဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ရင် ဒီလိုရှုံးပွဲမျိုးက ကြုံတွေ့မှာပါပဲ။ ဒီအတွက် ကျွန်တော် အပြည့်အ၀ တာဝန်ယူပါတယ်။ ကျွန်တော်တို့ လက်ရှိအနေအထားထက် ပိုပြီး ရက်စက်ဖို့ လိုပါတယ်။ ဗီလာနဲ့ပွဲက ခြေစွမ်းကိုတော့ ပွဲအစခရာမှုတ်ကတည်းက ပြီးတဲ့အထိ မကြိုက်ပါဘူး။ ဒီအခြေအနေတွေနဲ့ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကို ကျွန်တော် အသေးစိတ် ပြန်လည်ခွဲခြမ်းစိတ်ဖြာသွားမှာပါ" ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၄)ပွဲတွင်နိုင်၊ (၄)ပွဲရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် (၁၁)နေရာတွင် ရပ်တည်နေသည်။

Most Read

Most Recent