၂ဝဝ၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်းနည်းပြဟောင်း မာဆယ်လိုလစ်ပီ နည်းပြဘဝမှ အနားယူကြောင်း ကြေညာ

၂ဝဝ၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်းနည်းပြဟောင်း မာဆယ်လိုလစ်ပီ နည်းပြဘဝမှ အနားယူကြောင်း ကြေညာ
Photo: Getty Images
Photo: Getty Images
Published 23 October 2020

၂ဝဝ၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့သည့် ဝါရင့်အီတလီနည်းပြ မာဆယ်လိုလစ်ပီက နည်းပြဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း ယနေ့(အောက်တိုဘာ ၂၃ ရက်)တွင် အတည်ပြုကြေညာခဲ့သည်။

    

အသက် (၇၂) နှစ်ရှိပြီဖြစ်သည့် လစ်ပီသည် ပြီးခဲ့သည့်နိုဝင်ဘာတွင် တရုတ်လက်ရွေးစင်အသင်းနည်းပြရာထူးမှ နုတ်ထွက်ပြီးနောက် တစ်နှစ်နီးပါးအကြာတွင် အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော့်ရဲ့ နည်းပြအလုပ်က တကယ်ပြီးဆုံးသွားပါပြီ။ ဒီလောက်ဆို လုံလောက်ပြီဆိုတာ အမှန်ပါပဲ။  နောက်ထပ်အခန်းကဏ္ဍတစ်ခုမှာ အသုံးဝင်နိုင်ဦးမလားဆိုတာ ကြည့်ရပါမယ်။ ဒါပေမဲ့ နွေဦးကာလအထိတော့ ဘာမှမလုပ်သေးပါဘူး"ဟု လစ်ပီက ပြောကြားခဲ့သည်။

    

လစ်ပီသည် ၁၉၈၂ ခုနှစ်တွင် ဆမ်ဒိုးရီးယားလူငယ်အသင်း နည်းပြအဖြစ် နည်းပြလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ယင်းမှတစ်ဆင့် ပွန်တီဒီရာ၊ ဆီနာ၊ ပစ္စတိုအီဆီ၊ ကာရာ ရီဆီ၊ စီဆီနာ၊ လက်ချီဆီ၊ အတ္တလန်တာ၊ နာပိုလီ၊ ဂျူဗင်တပ်စ် (နှစ်ကြိမ်)၊ အင်တာမီလန် စသည့် အီတလီကလပ်များအပြင် အီတလီလက်ရွေးစင်အသင်းကို ၂ဝဝ၄ မှ ၂ဝဝ၆ အထိ တစ်ကြိမ်၊ ၂ဝဝ၈ မှ ၂၀၁၀ အထိ တစ်ကြိမ် ကိုင်တွယ်ခဲ့သည်။ 

ထို့နောက် လစ်ပီသည် တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရန်းအသင်းကို ကိုင်တွယ်ခဲ့ပြီး တရုတ်လက် ရွေးစင်အသင်းကိုလည်း ၂၀၁၆ မှ ၂၀၁၉ နှင့် ၂၀၁၉ ခုနှစ်တွင် နှစ်ကြိမ်ကိုင်တွယ်ခဲ့သည်။ ၎င်းသည် အသင်းလိုက်နှင့် တစ်ဦးချင်း အောင်မြင်မှုများစွာလည်း ရယူနိုင်ခဲ့သည်။

Most Read

Most Recent