COVID-19 အလွန်ကာလတွင် မြန်မာ့စီးပွားရေး ဦးမော့လာစေရေး မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံချက် (MERRP) ရေးဆွဲလျက်ရှိ

COVID-19 အလွန်ကာလတွင် မြန်မာ့စီးပွားရေး ဦးမော့လာစေရေး မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံချက် (MERRP) ရေးဆွဲလျက်ရှိ
စက်ရုံတစ်ရုံတွင် လုပ်ငန်းခွင်ဝင်ရောက်မည့် အလုပ်သမားများကို တွေ့ရစဉ်
စက်ရုံတစ်ရုံတွင် လုပ်ငန်းခွင်ဝင်ရောက်မည့် အလုပ်သမားများကို တွေ့ရစဉ်
Published 22 October 2020

COVID-19 အလွန်ကာလတွင် မြန်မာ့စီးပွားရေး လျင်မြန်စွာ ဦးမော့လာစေရေးအတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံချက် (MERRP) ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့်ချိတ်ဆက်၍ ရေးဆွဲလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

MHKCCI က စီစဉ်ကျင်းပသည့် “Brimming with opportunities” တွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု COVID-19 ကြောင့် ယခုနှစ် ကျဆင်းနိုင်သော်လည်း နှစ်ရာခိုင်နှုန်း နီးပါးသို့ ရောက်ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ် တွင် ကိုဗစ်ကာလ မတိုင်မီကာလတွင် ရရှိခဲ့သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ခြောက်ရာခိုင်နှုန်း ပြန်လည် ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တရုတ်နှင့် အိန္ဒိယတို့အကြား မဟာဗျူဟာ အချက်အချာကျစွာ တည်ရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်း များစွာရှိကြောင်း၊ စွမ်းအင်ကဏ္ဍ၊ အိမ်ရာအဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်းနှင့် အဆိုပါ လုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြင့် ကဏ္ဍပေါင်းစုံတွင် အချိုးညီမျှတသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

COVID-19 ကာလအတွင်း စိန်ခေါ်မှုများ ရှိခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၅ ဒသမ ၆၈၉ ဘီလျံရရှိခဲ့ပြီး ယခင် ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၁ ဒသမ ၁၆၉ ဘီလျံ တိုးမြှင့်ရရှိခဲ့ကြောင်း၊ COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့်အညီ COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများကို လျှော့ချရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

COVID-19 ကြောင့် အသွားအလာ ကန့်သတ်ထားသဖြင့် အချို့လုပ်ငန်းများ ဝင်ရောက်ရန် ရှိသော်လည်း ခွင့်ပြုမပေးနိုင်ခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျာထားချက် ပြည့်မီခြင်း မရှိဘဲ လျော့ကျခဲ့သည်။

Most Read

Most Recent