Ballon d'Or Dream Team ရွေးချယ်ရန် တိုက်စစ်ကစားသမား ဆန်ခါတင်(၃၀)ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး ဘက်ခမ်နှင့် ရိုင်ယန်ဂစ်တို့ ပါဝင်

Ballon d'Or Dream Team ရွေးချယ်ရန် တိုက်စစ်ကစားသမား ဆန်ခါတင်(၃၀)ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး ဘက်ခမ်နှင့် ရိုင်ယန်ဂစ်တို့ ပါဝင်
Photos : France Football Twitter
Photos : France Football Twitter
Published 20 October 2020

ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် Ballon d'Or Dream Team ရွေးချယ်ရန်အတွက် နောက်ဆုံးကျန်ရှိသည့် တိုက်စစ်ကစားသမား ဆန်ခါတင်(၃၀)ဦးစာရင်းကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ရာ မန်ယူကစားသမားဟောင်းများဖြစ်သည့် ဒေးဗစ်ဘက်ခမ်နှင့် ရိုင်ယန်ဂစ်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် အထောင်တိုက်စစ်မှူး(၁၀)ဦး၊ ညာတောင်ပံကစားသမား (၁၀)ဦး၊ ဘယ်တောင်ပံကစားသမား(၁၀)ဦး ခွဲ ခြားထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အထောင်တိုက်စစ်မှူးစာရင်းတွင် ဘားကင့်၊ ယိုဟန်ခရိုက်ဖ်၊ ကန် နီဒဲဂလစ်ရှ်၊ အူဆီဘီယို၊ ကော့ဆစ်၊ ဂတ်မူလာ၊ ရိုမာရီယို၊ ရော်နယ်လ်ဒို၊ ဗန်ဘက်စတန်၊ ဂျော့ချ်ဝီယာတို့ ပါဝင်ခဲ့သည်။

ညာတောင်ပံကစားသမားစာရင်းတွင် ဒေးဗစ်ဘက်ခမ်၊ ဂျော့ချ်ဘတ်စ်၊ အီတူး၊ ဖီဂို၊ ဂါရင်ချာ၊ ဂျယ်ယာဇင်ဟို၊ ကီဗင်ကီးဂန်း၊ စတန်လေမက်သယူး၊ မက်ဆီနှင့် ရော်ဘင်တို့ ပါဝင်ခဲ့ပြီး ဘယ်တောင်ပံကစားသမားစာရင်းတွင် ဘလော့ကင်၊ စီရော်နယ်လ်ဒို၊ ဇာယစ်၊ ရိုင်ယန်ဂစ်၊ အွန်နရီ၊ ရီဗာလ်ဒို၊ ရီဗယ်လီနို၊ ရော်နယ်လ်ဒင်ဟို၊ ရူမင်နစ်ဂီ၊ စတွိုက်ကော့ဗ်တို့ ပါဝင်ခဲ့သည်။

ထူးခြားမှုမှာ တိုက်စစ်ကစားသမားစာရင်းတွင် စပိန်ကစားသမားတစ်ဦးမျှ မပါဝင်ခဲ့ခြင်းဖြစ်သည်။ ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် နေရာအလိုက် ဆန်ခါတင်စာရင်းအားလုံးကို ထုတ်ပြန်ပြီးခဲ့ပြီဖြစ်ပြီး Ballon d'Or Dream Team ကို ဒီဇင်ဘာ(၁၇)တွင် ရွေးချယ်မည်ဖြစ်သည်။ ယင်းကဲ့သို့ ရွေးချယ်မှုကို ကမ္ဘာတစ်လွှားမှ အားကစားဂျာနယ်လစ်(၁၇၀)ဦးက ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent