ပရိသတ်များ ကြည့်ရှုခွင့်မရသေးသော်လည်း ကွင်းတိုးချဲ့ရန် စပါးအသင်း ခွင့်ပြုချက်ရရှိ

ပရိသတ်များ ကြည့်ရှုခွင့်မရသေးသော်လည်း ကွင်းတိုးချဲ့ရန် စပါးအသင်း ခွင့်ပြုချက်ရရှိ
Photo: Getty Images
Photo: Getty Images
Published 13 October 2020

စပါးအသင်းသည် လက်ရှိအချိန်တွင် ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့် မရသေးသော်လည်း ကွင်းတိုးချဲ့ရန် ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။ 

စပါးအသင်းသည် ပရိသတ်(၆၂၃၀၃)ဦး ဝင်ဆံ့သည့်ကွင်းကို (၆၂၈၅၀)ဦး ဝင်ဆံ့သည့်ကွင်းအဖြစ် တိုးချဲ့ရန် ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက် ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စပါးအသင်းသည် တိုးချဲ့ခွင့်ရရှိသည့် ထိုင်ခုံအရေအတွက် (၅ဝဝ)ကျော်ကို တောင်ဘက်ပွဲကြည့်စင်တွင် တပ်ဆင်သွားရန် စီစဉ်ထား ကြောင်းလည်း သိရသည်။ 

စပါးအသင်းသည် Tottenham Hotspur ကွင်းသစ်ကြီးကို ပေါင်(၁)ဘီလီယံကျော် အကုန် အကျခံကာ ဆောက်လုပ်ပြီး ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက ချယ်လ်ဆီးနှင့် ယှဉ်ပြိုင်ခဲ့သောပွဲတွင် ပရိသတ်(၆၁ဝဝဝ)ကျော် လာရောက်ကြည့်ရှုပြီး အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent