အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲအား အောက်တိုဘာ (၃၀)တွင် ကျင်းပမည်

အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲအား အောက်တိုဘာ (၃၀)တွင် ကျင်းပမည်
Photo: ONE Championship
Photo: ONE Championship
Published 6 October 2020

ONE Championship ၏ ဝိတ်တန်း (၂)ခုကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲအား အောက်တိုဘာ (၃၀)ရက်နေ့တွင် စင် ကာပူနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း 

ONE Championship CEO ချက်ထရီက အတည်ပြုခဲ့သည်။

"ကြားဖြတ်သတင်းအနေနဲ့ ကျွန်တော်တို့ရဲ့ ONE:Inside the Matrix ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ (၄)ပွဲ ပါဝင်မယ့်အကြောင်း ပြောကြားပါရစေ" ဟု ONE Championship CEO ချက်ထရီက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

အဆိုပါပွဲစဉ်၏ အဓိကပွဲအဖြစ် အောင်လအန်ဆန်နှင့် ဒီရိုက်ဒါတို့၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို သတ်မှတ်ထားကြောင်း သိရသည်။

အခြားချန်ပီယံလုပွဲများတွင် လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲ၊ ဖယ်သာဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲနှင့် စတောဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲတို့ ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ချက်ထရီက အဆိုပါပွဲစဉ်နှင့်ပတ်သက်၍ မိမိတို့၏ထုတ်ပြန်ချက်များကို အာရုံစူးစိုက်ထားရန်နှင့် အလဲထိုးပွဲစဉ်များများပြားမည်ဟု ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် သူ၏ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ထိုးသတ်ရန်စီစဉ်ခဲ့သော်လည်း ပြိုင်ဘက်များ ဒဏ်ရာရရှိခဲ့ခြင်းကြောင့်လည်းကောင်း၊ COVID-19 အခြေအနေများကြောင့်လည်းကောင်း ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ဒီရိုက်ဒါသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အောင်လအန်ဆန်အား စိန်ခေါ်ခဲ့သူဖြစ်ပြီး ဒဏ်ရာရရှိခဲ့သောကြောင့် ၎င်းနေရာတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘဂ်ဒက်ရှ်နှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဗစ်တာလီမှာ လေ့ကျင့်နေစဉ်အတွင်း ဒဏ်ရာရရှိခဲ့သောကြောင့် မူလစိန် ခေါ်သူ ဒီရိုက်ဒါနှင့် ပြန်လည်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူလစိန်ခေါ်ပွဲတွင် ဒီရိုက်ဒါက အောင်လအန်ဆန်အား ဒုတိယအချီနှင့် တတိယအချီတွင် အလဲထိုးသွားမည်ဟု ပြောကြားထားသည်။

အောင်လအန်ဆန်သည် သူ၏နောက်ဆုံးပွဲတွင် ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာကို အလဲထိုးကာ အနိုင်ရထားသည်။

Most Read

Most Recent