လီဗာပူးလ်နှင့် ကွာဟမှုကြီးမားနေဆဲဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာ ပြောကြား

လီဗာပူးလ်နှင့် ကွာဟမှုကြီးမားနေဆဲဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 2 October 2020

အာဆင်နယ်နည်းပြ အာတီတာက မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနှင့် ကွာဟမှုကြီးမားနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် အောက်တိုဘာ (၁) ရက်က ကစားခဲ့သည့် လိဂ်ဖလား(EFL Cup) စတုတ္ထအဆင့်တွင် လီဗာပူးလ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ 

ထို့ပြင် အာဆင်နယ်အသင်းသည် အာတီတာလက်ထက်တွင် လီဗာပူးလ်အသင်းနှင့်တွေ့ဆုံခဲ့သည့် (၄)ကြိမ်တွင် (၃)ပွဲအထိ အနိုင်ရထားပြီး (၁)ပွဲသာ ရှုံးနိမ့်ခဲ့သည်။ 

သို့သော် အာတီတာ မိမိတို့အနေဖြင့် တိုးတက်မှုများရှိနေသော်လည်း လီဗာပူးလ်အသင်းကို လိုက်မီရန်ကြိုးစားနေရဆဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အာတီတာက "ဒီနေ့ပွဲမှာ ကစားသမားတွေရဲ့ စွမ်းဆောင်မှုကြောင့် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီနေ့ပွဲမှာ လေနိုက တကယ်ကောင်းပါတယ်။ သူဟာ ကျွန်တော်တို့အတွက် လိုအပ်တဲ့အချိန်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပါပြီ။ ဒါပေမဲ့ လီဗာပူးလ်အသင်းနဲ့ ကွာဟမှုက ကြီးမားနေဆဲပါပဲ။ ကျွန်တော်တို့အနေနဲ့ သူတို့လို အဆင့်အတန်းမျိုးရောက်အောင် အကောင်းဆုံးကြိုးစားသွားမှာပါ"ဟု လီဗာပူးလ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် လိဂ်ဖလား(EFL Cup) ကွာတားဖိုင်နယ်တွင် လက်ရှိချန်ပီယံ မန်စီးတီးအသင်းနှင့် တွေ့ဆုံနေသည်။