ဘာစီလိုနာဥက္ကဋ္ဌရာထူးမှ ဘာတိုမူ နုတ်ထွက်ပေးရရန် ပိုမိုနီးစပ်လာ

ဘာစီလိုနာဥက္ကဋ္ဌရာထူးမှ ဘာတိုမူ နုတ်ထွက်ပေးရရန် ပိုမိုနီးစပ်လာ
Published 18 September 2020

ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌ ဘာတိုမူသည် အသင်းအဖွဲ့ဝင်များ ၏ ဖိအားပေးမှုကြောင့် ရာထူးမှနုတ်ထွက်ပေးရရန် ပိုမိုနီးစပ်လာကြောင်း သိရသည်။

    

ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌ ရွေးကောက်ပွဲကို လာမည့် ၂၀၂၁ ခုနှစ် မတ်လတွင် ပြုလုပ်မည်ဖြစ်သော်လည်း ယင်းမတိုင်မီ ဘာတိုမူအား ရာထူးမှ ဖယ်ရှားရန် အဖွဲ့ဝင်များက လိုလားနေကြောင်း သိရသည်။ 

ထို့ကြောင့် အယုံအကြည်မရှိအဆိုတင်သွင်းနိုင်ရန်အတွက် လှုပ်ရှားမှုပြုလုပ်ခဲ့ရာ ကြာသပတေးနေ့က စာရင်းပိတ်သိမ်းချိန်တွင် ထောက်ခံမဲလက်မှတ်ပေါင်း (၂၀၆၈၇)ခု ရရှိခဲ့ကြောင်း သိရသည်။  

လိုအပ်သည့် လက်မှတ်အရေအတွက်မှာ (၁၆၅၂၀)ခု ဖြစ်သည့်အတွက် အယုံအကြည်မရှိ အဆိုတင်သွင်းကာ မဲခွဲဆုံးဖြတ်နိုင်မည့်အခြေအနေ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ 

ယင်းသို့ အဆိုတင်သွင်းပြီး မဲခွဲရာတွင် အဖွဲ့ဝင်(၆၆.၅%)က ဘာတိုမူကို အလိုမရှိဟု မဲပေးခဲ့ပါက ဘာတိုမူအနေဖြင့် ရာထူးမှနုတ်ထွက်ပေးရမည်ဟု သိရသည်။ 

    

လက်ရှိအချိန်တွင် နည်းပြရာ ထူးမှထုတ်ပယ်ခံထားရသော ဆယ်တီယန်ကလည်း လျော်ကြေးယူရို(၄)သန်းရလိုမှုဖြင့် ဘာစီလိုနာဘုတ်အဖွဲ့ကို တရားရင်ဆိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

Most Read

Most Recent