ဖီဖာ၏ စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်း တစ််ဆင့်တက်

ဖီဖာ၏ စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်း တစ််ဆင့်တက်
Photo: Aseanfootball
Photo: Aseanfootball
Published 18 September 2020

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်လိုက်ရာ မြန်မာအသင်းသည် ပွဲကစားရခြင်းမရှိသော်လည်း အဆင့်တစ်ဆင့် တက်လာခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလအတွင်း လက်ရွေးစင်အသင်းများ၏ ပွဲပေါင်း(၅၅)ပွဲသာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဥရောပအသင်းများက UEFA Nations League  ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် ဖီဖာ၏ တွက်ချက်မှုအရ မိမိထက် အဆင့်နိမ့်သောအသင်းများကို ယှဉ်ပြိုင်ကစားပြီး ရှုံးနိမ့်သည့်အသင်းများမှာ အမှတ်လျော့မှုများ ရှိသည့်အတွက် ပွဲကစားရခြင်းမရှိသည့်အသင်းအချို့ အဆင့်တက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့ကြောင့် ပွဲမကစားရသည့် မြန်မာအသင်း တစ်ဆင့်တက်ခဲ့သလို၊ အီရန်အသင်းမှာ (၃)ဆင့်တက်ခဲ့ကြောင်းလည်း သိရှိရသည်။

ကမ္ဘာ့အဆင့်ထိပ်ဆုံး(၁၀)သင်းမှာ အပြောင်းအလဲမရှိခဲ့ဘဲ ဘယ်လ်ဂျီယံအသင်းက ဆက်လက်ဦးဆောင်ခဲ့သည်။

ရုရှားက အဆင့်(၆)ဆင့်တက်ကာ အဆင့်တက်မှုအများဆုံးဖြစ်ခဲ့ပြီး အဆင့်ကျမှုအများဆုံးမှာမူ (၄)ဆင့်စီ ကျခဲ့သည့် အက်စ်တိုးနီးယားနှင့် ဆလိုဗက်ကီးယားတို့ဖြစ်ကြောင်း သိရှိရသည်။

 

Most Read

Most Recent