ဇနီးဖြစ်သူဖောက်ပြန်မှုကြောင့် စိတ်ဓာတ်ကျပြီး အနားယူနေသည့် အီလီချစ် လေ့ကျင့်ခန်းပြန်ဆင်းမည်

ဇနီးဖြစ်သူဖောက်ပြန်မှုကြောင့် စိတ်ဓာတ်ကျပြီး အနားယူနေသည့် အီလီချစ် လေ့ကျင့်ခန်းပြန်ဆင်းမည်
Photos : Daily Mail
Photos : Daily Mail
Published 7 September 2020

ဇနီးဖြစ်သူဖောက်ပြန်မှုကြောင့် စိတ်ဓာတ်ကျပြီး ဘောလုံးမကစားဘဲအနားယူနေသည့် အတ္တလန်တာတိုက်စစ်ကစားသမား အီလီချစ်သည် အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းတော့မည်ဖြစ်သည်။ 

အီလီချစ်သည် ဆလိုဗေးနီးယားနိုင်ငံတွင်နေထိုင်သည့် ဇနီးဖြစ်သူထံ အကြောင်းမကြားဘဲ သွားရောက်ခဲ့ပြီး နေအိမ်သို့ရောက်ရှိချိန်၌ ဇနီးဖြစ်သူအား အခြားအမျိုးသားတစ်ဦးနှင့် ဖောက်ပြန်နေသည်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်း သိရသည်။  

အဆိုပါဖြစ်ရပ်ကြောင့် အီလီချစ်သည် စိတ်ထိခိုက်ခဲ့ပြီး ဘောလုံးလောကမှအနားယူရန်အထိ စဉ်းစားခဲ့သည်။ 

ပြီးခဲ့သည့်ရာသီတွင် အတ္တလန်တာအသင်းသည် မျှော်လင့်ထားသည်ထက် အောင်မြင်မှုများရရှိပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ 

အတ္တလန်တာ၏အမြင့်ပျံခရီးတွင် အီလီချစ်သည် အဓိကကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ခြေစွမ်းပြဂိုးများ သွင်းယူခဲ့သည်။ 

အတ္တလန်တာအသင်းသည် အီလီချစ် မပါဝင်နိုင်သည့်ပွဲစဉ်အချို့တွင် ရလဒ်များယိမ်းယိုင်ခဲ့ပြီး အထူးသဖြင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်၌ အီလီချစ် မပါဝင်နိုင်ခြင်းမှာ အတ္တလန်တာအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ရသည်။ 

ယခုအခါ Gazzetta dello Sport က အီလီချစ်သည်  အတ္တလန်တာအသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းတော့မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အီလီချစ်သည် ၂၀၁၈ ခုနှစ်အတွင်းကလည်း ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံရပြီးနောက် သူ၏ရင်းနှီးသောမိတ်ဆွေတစ်ဦးဖြစ်သူ အက်စ်တိုရီကဲ့သို့ အိပ်ရာထဲတွင် သေဆုံးနေသည့်အဖြစ်မျိုး ကြုံတွေ့ရမည်ကို ကြောက်ရွံ့နေခဲ့သည်ဟု ဝန်ခံခဲ့ပြီး ကစားသမားဘဝမှ အနားယူသည်အထိပင် စဉ်းစားခဲ့သည်ဟု ဖွင့်ဟခဲ့ဖူးသည်။

Most Read

Most Recent