ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သဖြင့် စက်တင်ဘာ ၂ ရက် ညပိုင်းတွင် စုစုပေါင်း ၆၄၇ ဦးအား အရေးယူခဲ့ရကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူ အမျိုးသား(၆၁၈)ဦး၊ အမျိုးသမီး(၂၉)ဦး၊ စုစုပေါင်း(၆၄၇)ဦး အပြင် မော်တော်ယာဉ်(၁၁၁)စီး၊ ဆိုင်ကယ်(၁၈) စီးတို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်၊ တားဆီးရေးအတွက် မြို့နယ်အလိုက် ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး ည (၁၂) နာရီမှ မနက် (၄)နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ဆောင်ရွက် ထားခြင်းဖြစ်သည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ အကြောင်းကြားမှုအရ COVID-19 ရောဂါသည် အများပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်စေသည့်အပြင် အသက်အန္တရာယ် သေဆုံးသည်အထိ ဖြစ်ပွားလာနိုင်သဖြင့် ရန်ကုန်ကုန်တိုင်း ဒေသကြီးအတွင်း အဆိုပါ အမိန့်ကို ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်ကို ဧပြီလအတွင်းက စတင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။















