ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်းမြင့်သော နိုင်ငံများမှပြန်လာသည့် ပရီးမီးယားလိဂ်ကစားသမားများ Quarantine ဝင်ရဖွယ်ရှိ

ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်းမြင့်သော နိုင်ငံများမှပြန်လာသည့် ပရီးမီးယားလိဂ်ကစားသမားများ Quarantine ဝင်ရဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 19 August 2020

ဗြိတိန်သို့ပြန်လာသည့် ကစားသမားများအနေဖြင့် ဗိုင်းရပ်စ်စစ်ဆေးမှုတွင် Negative ပြခဲ့လျှင်လည်း ၎င်းတို့သွားရောက်သည့် နိုင်ငံများမှာ ဗြိတိန်အစိုးရသတ်မှတ်ချက် အနီရောင်စာရင်းတွင်ပါဝင်ပါက မိခင်ကလပ်များနှင့် ရာသီကြိုပြင်ဆင်မှု၌ ပူးပေါင်းလေ့ကျင့်ခြင်းကိုလည်း တားမြစ်ထားသည်။

 

၂၀၁၉-၂၀ ပရီးမီးယားလိဂ်ဘောလုံးရာသီအပြီး နိုင်ငံရပ်ခြားသို့ အားလပ်ရက် အပန်းဖြေခရီးထွက်ခဲ့သည့် ကစားသမားများသည် ဗြိတိန်သို့ပြန်လာရာတွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်းမြင့်သောနိုင်ငံသို့ သွားရောက်ခဲ့သူများမှာ Quarantine ဝင်ရဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်ကစားသမားအများအပြားသည် စာရင်းပေးထားသည့် နိုင်ငံများသို့ ကနဦးသွားရောက်ပြီးနောက် တားမြစ်စာရင်းတွင်ပါဝင်သော နိုင်ငံများသို့ ဆက်လက်လည်ပတ်ခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ The Sun က ဖော်ပြသည့်သတင်းတွင် ပရီးမီးယားလိဂ်ကလပ်အသင်း ၂၀ စလုံးသည် လိဂ်အဖွဲ့ချုပ်မှပေးပို့ထားသည့် သတိပေးစာကို လက်ခံရရှိထားပြီး အဆိုပါစာထဲတွင် ဗိုင်းရပ်စ်ကူးစက်မှုသစ် အများဆုံးတွေ့ရှိခဲ့သည့် နိုင်ငံပေါင်း ၁၅၅ နိုင်ငံသို့ သွားရောက်ခဲ့သည့် ကစားသမားများကို Quarantine ၁၄ ရက်ကြာ နေထိုင်ရန် ညွှန်ကြားထားသည်။

ဗြိတိန်သို့ပြန်လာသည့် ကစားသမားများအနေဖြင့် ဗိုင်းရပ်စ်စစ်ဆေးမှုတွင် Negative ပြခဲ့လျှင်လည်း ၎င်းတို့သွားရောက်သည့် နိုင်ငံများမှာ ဗြိတိန်အစိုးရသတ်မှတ်ချက် အနီရောင်စာရင်းတွင်ပါဝင်ပါက မိခင်ကလပ်များနှင့် ရာသီကြိုပြင်ဆင်မှု၌ ပူးပေါင်းလေ့ကျင့်ခြင်းကိုလည်း တားမြစ်ထားသည်။ ကူးစက်မှုနှုန်းမြင့်မားသောနိုင်ငံများသို့ သွားရောက်ခဲ့သည့် နာမည်ကြီးကစားသမားများသည် Quarantine ဝင်ရမည်ကို ရှောင်ရှားနိုင်ရန်အတွက် ဂရိ သို့မဟုတ် ဂျာမနီနိုင်ငံများမှတစ်ဆင့် ဗြိတိန်သို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 

ပရီးမီးယားလိဂ်အသင်းအများစုမှာ ယခုအပတ်တွင် ရာသီကြိုလေ့ကျင့်ခန်းများကို ပြန်လည်ပြုလုပ်မည်ဖြစ်သော်လည်း ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှု ပြန်လည်ကန့်သတ်ချက်များ ကြောင့် နေအိမ်သို့ပြန်လာရာတွင် အချိန်မီ ပြန်လည်ရောက်ရှိရန် အခက်အခဲများတွေ့ နိုင်သည်ဟု Daily Mail သတင်းတွင် ရေးသားထားခဲ့သည်။

Most Read

Most Recent