စာချုပ်သစ်အတွက် လစာတိုးပေးရန် ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ် တောင်းဆို

စာချုပ်သစ်အတွက် လစာတိုးပေးရန် ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ် တောင်းဆို
Photos: Getty Images
Photos: Getty Images
Published 24 July 2020

ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်သည် စာချုပ်သစ်အတွက် လစာတိုးပေးရန် အသင်းကို တောင်းဆိုခဲ့ကြောင်း စပိန်အားကစားသတင်းစာ Sport က ဖော်ပြခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းနှင့် ချုပ်ဆိုထားသည့် ရာမို့စ်၏ စာချုပ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းက စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်သည် အသက်(၃၄)နှစ်ရှိပြီဖြစ်သော်လည်း သွင်းဂိုးများနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနေဆဲဖြစ်၍ ရီးယဲလ်အသင်းက သက်တမ်းတိုးရန် လိုလားနေခြင်းဖြစ်သည်။

ရာမို့စ်သည် ရီးယဲလ်တွင် ကစားသမားဘဝအဆုံးသတ်ရန် ဆန္ဒရှိနေသော်လည်း လက်ရှိလစာ တစ်နှစ်ယူရို(၁၂.၅)သန်းမှ တစ်နှစ် ယူရို(၁၇)သန်းအထိ တိုးမြှင့်ပေးရန် တောင်းဆိုထားကြောင်း Sport သတင်းစာက ဖော်ပြခဲ့သည်။

ရာမို့စ်သည် ရီးယဲလ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၄၄)ပွဲတွင် (၁၃) ဂိုးအထိ သွင်းယူခဲ့ပြီး ရီးယဲလ်အသင်း လာလီဂါချန်ပီယံ ဖြစ်ခဲ့ရာတွင် အဓိကနေရာမှ ခြေစွမ်းပြခဲ့သူဖြစ်သည်။ 

Most Read

Most Recent