Kang Han Cup ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် ၃၂ ဦးအဆင့်မှ ထွက်ခဲ့ရ

Kang Han Cup ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် ၃၂ ဦးအဆင့်မှ ထွက်ခဲ့ရ
Photos: Ko Ar Ti Facebook
Photos: Ko Ar Ti Facebook
Published 22 July 2020

ယင်းပြိုင်ပွဲကို ဇူလိုင် ၁၈ ရက်မှစ၍ ကျင်းပလျက်ရှိပြီး ဘုန်းမြင့်ကျော်သည် ၃၂ ဦးအဆင့်မှ စတင်ကစားခဲ့ရာ တရုတ်ကစားသမားကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။ 

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီသည် Kang Han Cup ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃၂ ဦးအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ဇူလိုင် ၁၈ ရက်မှစ၍ ကျင်းပလျက်ရှိပြီး ဘုန်းမြင့်ကျော်သည် ၃၂ ဦးအဆင့်မှ စတင်ကစားခဲ့ရာ တရုတ်ကစားသမားကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။ 

ဘုန်းမြင့်ကျော်သည် ဇူလိုင်နောက်ဆုံး ပတ်တွင် ယှဉ်ပြိုင်ရမည့် Elite Tour 2020 ပြိုင်ပွဲ၏ ဒုတိယဇုန်ပြိုင်ပွဲမတိုင်မီ ကြိုတင် ပြင်ဆင်သည့်အနေဖြင့် ဖိတ်ခေါ်ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိပြီး Ar K Club က ကျင်းပသည့် ဖိတ်ခေါ်ပြိုင်ပွဲအပြီးတွင် ယခုပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် Ar K Club က ကျင်းပသည့် ဖိတ်ခေါ်ပြိုင်ပွဲတွင်မူ ဒုတိယဆုရယူနိုင်ခဲ့သည်။ 

ဘုန်းမြင့်ကျော်သည် မတ်လကတည်းက ဖိတ်ခေါ်ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိပြီး အချို့ပြိုင်ပွဲများတွင် အောင်မြင်မှု ရယူနိုင်ခြင်းမရှိကြောင်း သိရသည်။ ဘုန်းမြင့်ကျော်သည် ယခုနှစ်အတွင်း အဓိကပြိုင်ပွဲများအဖြစ် Chinese 8 Ball ပြိုင်ပွဲနှင့် Elite Tour 2020 ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ် ပြိုင်နေပြီး ကာလရှည်ကျင်းပနေသည့်ပြိုင်ပွဲ လည်းဖြစ်သည်။

Most Read

Most Recent