လာမည့်ရာသီတွင် ဆာရီနှင့် စီရော်နယ်လ်ဒို အသင်း၌ဆက်ရှိမည်ဟု ဂျူဗင်တပ်စ်အသင်းဘောလုံးဒါရိုက်တာ ဖာဘီယိုပါရာတီချီ အတည်ပြု

လာမည့်ရာသီတွင် ဆာရီနှင့် စီရော်နယ်လ်ဒို အသင်း၌ဆက်ရှိမည်ဟု ဂျူဗင်တပ်စ်အသင်းဘောလုံးဒါရိုက်တာ ဖာဘီယိုပါရာတီချီ အတည်ပြု
Photos : Getty Images
Photos : Getty Images
Published 22 July 2020

ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီနှင့် တိုက်စစ်မှူး စီရော်နယ်လ်ဒိုတို့၏အနာဂတ် နှင့်ပတ်သက်ပြီး ကောလာဟလသတင်းအချို့ ထွက်ပေါ်နေသော်လည်း လာမည့်ရာသီ၌ အသင်းတွင်ဆက်ရှိနေမည်ဟု ဂျူဗင်တပ်စ်အသင်းဘောလုံးဒါရိုက်တာ ဖာဘီယိုပါရာတီချီက အတည်ပြုပြောကြားခဲ့သည်။ 

"မီဒီယာအားလုံးကို ကျွန်တော် ဒီစကားပဲပြောပါတယ်။ ဒီအသင်းမှာ ကျွန်တော် ရှိနေတာ ၁၀ နှစ်ရှိပါပြီ။ ချန်ပီယံဆုကို ကိုးကြိမ် ဆက်တိုက်ရယူဖို့ ဇယားထိပ်ဆုံးမှာလည်း ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ငါးနှစ်ကျော်ကာလအတွင်း အယ်လီဂရီ(နည်းပြဟောင်း)နဲ့အတူ ဆုဖလားတွေ ရခဲ့ပါတယ်။ စီးရီးအေနဲ့ စူပါဖလားတွေ အပါအဝင်ပေါ့။  သရေရလဒ်နဲ့ ကြုံတွေ့တိုင်းအပြင် အနိုင်ရ ရင်တောင်မှ အသင်းတွင်း အစည်းအဝေးကို အမြဲပြုလုပ်လေ့ရှိပါတယ်။ ကျွန်တော်တို့အား လုံး ထင်မြင်ချက်တွေပေးကြပြီး ပြီးတော့မှ ရယ်သွမ်းသွေးနိုင်ပါတယ်။ ဆာရီအနေနဲ့ လာမယ့်ရာသီမှာ ဂျူဗင်တပ်စ်နည်းပြအဖြစ် ဆက်ရှိမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။  စီရော်နယ်လ်ဒိုနဲ့ စကားအချေအတင်ဖြစ် ကြတယ်ဆိုတာ သာမန်ပါပဲ။ ဒါက နည်းပြ တွေနဲ့ ကစားသမားတွေအကြားမှာ ပုံမှန်ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။ သူ အသင်းမှာ ဆက်နေမယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့နဲ့အတူ အသင်းကောင်းဖို့အတွက် သူ ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်" ဟု ပါရာတီချီက Sky Italia သို့ ပြောကြားခဲ့သည်။ 

ပါရာတီချီအနေဖြင့် ယင်းကဲ့သို့ ဆာရီ၏အနာဂတ်အတွက် အာမခံချက်ပေးခဲ့သော်လည်း ဂျူဗင်တပ်စ်အသင်းသည် စပါးအသင်း နှင့် လမ်းခွဲထားသည့် ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်အပ်ရန် ဆွေးနွေးနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

Most Read

Most Recent