၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ငါးလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၁၁ သန်းကျော်နှင့် ကျောက်မျက်ရတနာတင်ပို့မှုမှ ဒေါ်လာလေးသန်းကျော် ရရှိ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ငါးလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၁၁ သန်းကျော်နှင့် ကျောက်မျက်ရတနာတင်ပို့မှုမှ ဒေါ်လာလေးသန်းကျော် ရရှိ
စစ်ကိုင်းမြို့တွင် ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲတစ်ခုကို တွေ့ရစဉ်
စစ်ကိုင်းမြို့တွင် ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲတစ်ခုကို တွေ့ရစဉ်
Published 21 July 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ငါးလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၁၁ သန်းကျော်နှင့် ကျောက်မျက်ရတနာများတင်ပို့မှုမှ ဒေါ်လာလေးသန်းကျော် ရရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပပို့ကုန်/သွင်းကုန် စာရင်းဇယားများ ပြည့်စုံမှန်ကန်မြန်ဆန်စွာ ပြုစုရေးအဖွဲ့မှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတန်ချိန် ၁၉၆၀ ကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၄၂၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၅၆၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၁၀၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၂ ရက်အထိ ရှစ်လခန့်တွင် ပြည်ပသို့ ကျောက်စိမ်းတန်ချိန် ၁၉၆၄ တန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၄၂၀ ဒသမ ၀၃၆ သန်း ရရှိထားသည်။ ယခင်နှစ်ကာလတူတွင် ပြည်ပသို့ ကျောက်စိမ်းတန်ချိန် ၁၄၀၆ တန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃၁၈ သာ ရရှိထားသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန်အားဖြင့် ၅၅၈ တန်နှင့် ဝင်ငွေအားဖြင့် ဒေါ်လာ ၁၀၂ ဒသမ ၀၃၆ သန်း ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်စိမ်းကို ပြပွဲများပြုလုပ်ပြီး ရောင်းချခြင်းဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းပြပွဲများ ပြုလုပ်မှုများသည့် ကာလများတွင် ပြည်ပသို့ ကျောက်စိမ်း ပိုမိုတင်ပို့နိုင်ပြီး ကျောက်စိမ်းပြပွဲများပြုလုပ်မှုနည်းသည့် ကာလများတွင် ကျောက်စိမ်းတင်ပို့မှု လျော့ကျနိုင်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် အကြီးစား၊ အလတ်စား၊ အသေးစားနှင့် စမ်းသပ်လုပ်ကွက်အပါအဝင် စမ်းသပ်ဖြစ်မြောက် လုပ်ကွက်ပေါင်း ၁၁၀၀ ကျော် ခွင့်ပြုမိန့် ထုတ်ပေးထားပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများဆုံးခွင့်ပြုပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အကြီးစား၊ အလတ်စား၊ အသေးစားနှင့် စမ်းသပ်လုပ်ကွက်၊ စမ်းသပ်ဖြစ်မြောက်လုပ်ကွက် အပါအဝင် လုပ်ကွက်စုစုပေါင်း ၁၁၉၅ ကွက် ခွင့်ပြုမိန့် ထုတ်ပေးထားပြီး မန္တလေးတိုင်းဒေသကြီးတွင်း ၃၁၇ ကွက်ဖြင့် အများဆုံးခွင့်ပြုထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၁၈ ကွက်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ၁၄၁ ကွက်၊ ကယားပြည်နယ်တွင် ၁၈ ကွက်၊ ကရင်ပြည်နယ်တွင် ၄၆ ကွက်၊ ချင်းပြည်နယ်တွင် လေးကွက်၊ တနင်္သာရီတိုင်းဒေသကြီး ၈၆ ကွက်၊ နေပြည်တော်တွင် သုံးကွက်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခုနစ်ကွက်၊ မကွေးတိုင်းဒေသကြီးတွင် အကွက် ၅၀၊ မွန်ပြည်နယ်တွင် ၁၉ ကွက်၊ ရခိုင်ပြည်နယ်တွင် တစ်ကွက်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ၉၃ ကွက်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ၇၉ ကွက်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် သုံးကွက်ဖြင့် စုစုပေါင်း အကြီးစား၊ အလတ်စား၊ အသေးစားနှင့် စမ်းသပ်လုပ်ကွက်၊ စမ်းသပ်ဖြစ်မြောက်လုပ်ကွက် အပါအဝင် လုပ်ကွက်စုစုပေါင်း ၁၁၉၅ ကွက် ခွင့်ပြုပေးထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ ကိုးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွှေသတ္တုဖက်စပ်လုပ်ကွက်များမှ သတ္တုထုတ်လုပ်မှု ထရိုင်အောင် စ ၅၄၀၃ ဒသမ ၃၈ ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ထရိုင်အောင်စ ၄၂၅၂ဒသမ ၃၆ အထိ ထုတ်လုပ်ထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent