ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုအတွက်ပေါင်သန်း ၁၀၀ ဖြင့်သဘောတူညီမှုရရန် မန်ယူအသင်းနီးစပ်နေပြီဟု သတင်းထွက်ပေါ်

ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုအတွက်ပေါင်သန်း ၁၀၀ ဖြင့်သဘောတူညီမှုရရန် မန်ယူအသင်းနီးစပ်နေပြီဟု သတင်းထွက်ပေါ်
Photos : Getty Images
Photos : Getty Images
Published 19 July 2020

အသက် ၂၀ အရွယ် အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုသည် ယခုနွေရာသီတွင် မန်ယူအသင်း၏ ဦးစားပေးပစ်မှတ်ကစား သမားဖြစ်ပြီး နည်းပြ ဆိုးလ်ရှားကလည်း တိုက်စစ်ပိုင်းကို ရပ်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ မာစီယဲလ်၊ ဆန်ချိုစသည့် နုပျိုသည့်အစုအဖွဲ့ဖြင့် တည်ဆောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

မန်ယူအသင်းသည် ဒေါ့မွန်အသင်း လူငယ်ကြယ်ပွင့်ကစားသမား ဆန်ချိုအတွက် ပေါင်သန်း ၁၀၀ ဖြင့် သဘောတူညီမှုရရန် နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

The Sun သတင်းစာ၏ဖော်ပြချက်အရ မန်ယူအသင်းသည် ဆန်ချိုအတွက် ဒေါ့မွန်အသင်း တောင်းဆိုထားသည့် ပြောင်းရွှေ့ ကြေးပေးချေရန် အသင့်ပြင်ဆင်ထားပြီး နွေရာသီအပြောင်းအရွှေ့ကာလဖွင့်လှစ်ချိန်တွင် အပြီးသတ် သဘောတူညီမှုရဖွယ်ရှိ ကြောင်း သိရသည်။ 

အသက် ၂၀ အရွယ် အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုသည် ယခုနွေရာသီတွင် မန်ယူအသင်း၏ ဦးစားပေးပစ်မှတ်ကစားသမားဖြစ်ပြီး နည်းပြ ဆိုးလ်ရှားကလည်း တိုက်စစ်ပိုင်းကို ရပ်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ မာစီယဲလ်၊ ဆန်ချိုစသည့် နုပျိုသည့်အစုအဖွဲ့ဖြင့် တည်ဆောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ ဆန်ချို၏စာချုပ်မှာ ၂၀၂၂ ခုနှစ်အထိ ကျန်ရှိ နေသေးပြီး တစ်ပတ်လစာ ပေါင် ၁၉၀၀၀၀ ရရှိနေသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးအပေါ် သက်ရောက်မှုရှိသော်လည်း ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို လျှော့ပေးမည် မဟုတ်ကြောင်း ဒေါ့မွန်အသင်းက အတည်ပြုထားပြီး Add-ons ကြေးများစွာဖြင့် (သွင်းဂိုး၊ အောင်မြင်မှုစသည်ဖြင့်) ကမ်းလှမ်းမှုကိုလည်း စိတ်မဝင်စားကြောင်း သိရသည်။

မန်ယူအသင်း အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်ကမူ ဘဏ္ဍာရေးသက်ရောက်မှုကို တောင့်ခံနိုင်စွမ်းမရှိကြောင်း ပြီးခဲ့သည့် ဧပြီလအတွင်း ဝန်ခံပြောကြားထားသည်။

Most Read

Most Recent