FA ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

FA ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Photos: Getty Images
Photos: Getty Images
Published 18 July 2020

အာဆင်နယ် - မန်စီးတီး (မြန်မာစံတော်ချိန် ဇူလိုင် ၁၉ ရက်၊ နံနက် ၁:၁၅ နာရီ)

အာတီတာအတွက်တော့ ဆရာဟောင်းဖြစ်ခဲ့တဲ့ ဂွါဒီယိုလာနဲ့ ပြန်ဆုံတွေ့တာ ကံဆိုးတာလို့ပဲ ပြောရမယ်။ မန်စီးတီးအသင်းအကြောင်း၊ မန်စီးတီးအသင်းရဲ့ ကစားသမားတွေအကြောင်းကို သူကောင်းကောင်းသိနေတဲ့အတွက် ပွဲကြိုပြင်ဆင်မှုအပိုင်းကို အထောက်အကူဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ မန်စီးတီးအကြောင်းသိတိုင်း၊ မန်စီးတီးက တိုက်ခိုက်လာနိုင်ခြေရှိတဲ့နေရာတွေကို ကြိုတင်ကာကွယ်တိုင်းလည်း အောင်မြင်ချင်မှ အောင်မြင်တာ။ ဒီနှစ်သင်းကြားမှာ တိုက်စစ်ကစားသမားတွေရဲ့အရည်အသွေးအရဆိုရင် အာဆင်နယ်က မန်စီးတီးကို ယှဉ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကစားသမားတွေဆီကို ပံ့ပိုးပေးမယ့်အပိုင်းမှာ ကွာခြားချက်တွေရှိလို့ တိုက်စစ်ကစားသမားတွေရဲ့ အရည်အသွေးမကွာရင်တောင် စွမ်းဆောင်ရည်ကကွာသွားတယ်။ အာဆင်နယ်ကွင်းလယ်က ဒီဘရိုင်းနား-ရိုဒရီ-ဂွန်ဒိုဂန်တို့ တွဲထွက်လာနိုင်တဲ့ မန်စီးတီးကွင်းလယ်ကို ထိန်းချုပ်ဖို့မလွယ်ဘူး။ ဒီဖလားက မန်စီးတီး ပစ်မှတ်ထားတဲ့ဖလားဖြစ်သလို၊ ချန်ပီယံလိဂ်ပွဲကြိုပြင်ဆင်မှုအဖြစ် အာရုံစိုက်ကစားမယ့်ပွဲလည်းဖြစ်နေတယ်။ ဝင်ဘလေမြက်ခင်းပြင်ကလည်း မန်စီးတီးအကြိုက်ကွင်းကျယ်ဖြစ်လို့ မန်စီးတီးပဲ အနိုင်ယူသွားပါလိမ့်မယ်။ 

​​​​​​​

■ ပွဲကြိုအထောက်အကူပြု အချက်အလက်များ

- မန်စီးတီးအသင်းသည် အာဆင်နယ်နှင့်တွေ့ဆုံသည့် ပြိုင်ပွဲစုံနောက်ဆုံး (၇)ပွဲဆက် အနိုင်ရရှိခဲ့ပြီး (၃)ဂိုးသွင်းနိုင်သည့်ပွဲမှာ (၆) ပွဲအထိရှိခဲ့သလို၊ Clean Sheet ရရှိခဲ့သောပွဲမှာလည်း (၅)ပွဲအထိရှိခဲ့သည်။

- မန်စီးတီးအသင်းသည် ပြိုင်ပွဲစုံနောက်ဆုံး (၉)ပွဲတွင် (၇)ပွဲအနိုင်ရခဲ့သလို (၂၂) ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent