စီးရီးအေပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 18 July 2020

ဗီရိုနာ - အတ္တလန်တာ (မြန်မာစံတော်ချိန် ဇူလိုင် ၁၈ ရက်၊ ည ၉:၄၅ နာရီ)

အတ္တလန်တာက ချန်ပီယံလိဂ်ဝင်ခွင့်သေချာသလောက် ရှိနေပေမယ့် သူတို့ရဲ့ပုံစံထက်မြက်နေအောင် ဆက်လက်လုံးပန်းနေတယ်။ ဗီရိုနာကလည်း အရေးတကြီးအမှတ်မလိုအပ်တော့ပေမယ့် အသင်းကြီးတွေကို ဒုက္ခပေးနေဆဲပဲ။ ကစားပုံကလည်း  မာကျောလို့ အတ္တလန်တာ ခပ်လွယ်လွယ်အသာစီးရမယ်မထင်ဘူး။ ဒါပေမဲ့ အစဉ်အလာအရ ဗီရိုနာကို ဂိုးပြတ်အနိုင်ရတတ်သလို၊ လက်ရှိခြေစွမ်းအရလည်း အတ္တလန်တာ နိုင်ပါဦးမယ်။

ကာဂလီယာရီ - ဆာဆူအိုလို (မြန်မာစံတော်ချိန် ဇူလိုင် ၁၈ ရက်၊ ည ၁၂ နာရီ)

Restart ကာလမှာ အံ့အားသင့်ဖွယ် သစ်လွင်ထက်မြက်လာတာ ဆာဆူအိုလိုပါပဲ။ ကာဂလီယာရီကလည်း ဆာဆူအိုလိုနီးပါး ပုံစံကောင်းပြသနေပေမယ့် ဂိုးသွင်းအား မထက်မြက်ဘူး။ နှစ်သင်းစလုံး အမှတ်မလိုအပ်ပေမယ့် ဒီပွဲမှာ အမှတ်ရအောင် ပြင်းထန်စွာရုန်းကန်ပါဦးမယ်။ သရေကျသွားနိုင်ပါတယ်။ 

အေစီမီလန် - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဇူလိုင် ၁၉ ရက်၊ နံနက် ၁:၁၅ နာရီ)

ဘိုလော့ဂ်နာက အဝေးကွင်းမှာ အေစီမီလန်ရဲ့မြို့ခံပြိုင်ဘက် အင်တာမီလန်ကို ဒုက္ခပေးထားနိုင်တယ်။ တစ်ယောက်လျော့အနေအထားနဲ့ အင်တာမီလန်ကို ဘိုလော့ဂ်နာ အနိုင်ကစားခဲ့တာပါ။ ဒါပေမဲ့ အေစီမီလန်က အင်တာမီလန်ထက်ပိုပြီး တည်ငြိမ်တယ်။ တိုက်စစ်ကစားပုံကလည်း တစ်နေ့ရွှေ၊ တစ်နေ့ငွေမဟုတ်ဘဲ စနစ်ကျပါတယ်။ ဘိုလော့ဂ်နာ ဂိုးရနိုင်ပြီး အေစီမီလန် (၂-၁)၊ (၃-၁) လောက်ဖြစ်နိုင်တယ်။ 

Most Read

Most Recent