လီဗာပူးလ်ကို အနိုင်ရခဲ့သော်လည်း အသင်းနှစ်သင်းအကြား ကွာခြားမှု အလွန်ကြီးမားပြီး အသင်းအင်အားကို ဖြည့်တင်းရန်လိုဟု အာတီတာ ဆို

လီဗာပူးလ်ကို အနိုင်ရခဲ့သော်လည်း အသင်းနှစ်သင်းအကြား ကွာခြားမှု အလွန်ကြီးမားပြီး အသင်းအင်အားကို ဖြည့်တင်းရန်လိုဟု အာတီတာ ဆို
Photos: Getty Images
Photos: Getty Images
Published 17 July 2020

အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာတီတာက မိမိတို့အသင်းသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်းကို အနိုင်ရခဲ့သော်လည်း အသင်းနှစ်သင်းအကြား ကွာခြားမှုမှာ အလွန်ကြီးမားနေဆဲဖြစ်ပြီး အသင်းအင်အားကို ပိုမိုတောင့်တင်းလာအောင် ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

    

အာဆင်နယ်အသင်းသည် ယင်းပွဲတွင် ဂိုးကန်သွင်းခွင့် (၃)ကြိမ်သာရရှိခဲ့ပြီး လီဗာပူးလ်အသင်းရရှိခဲ့သည့် အခွင့်အရေး (၂၄)ကြိမ်နှင့် နှိုင်းယှဉ်ပါက အလွန်ကြီးမားသည့် ခြေစွမ်းပိုင်းကွာဟချက်ရှိနေဆဲဖြစ်သည်။

 

အာဆင်နယ်အသင်းသည် အဆိုပါပွဲစဉ်တွင် လီဗာပူးလ်အသင်း၏ ခံစစ်ပိုင်းအမှား (၂)ကြိမ်ကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့သဖြင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။



 

အာတီတာက "ဒီလိုအသင်းမျိုးကို အနိုင်ရခဲ့တယ်ဆိုတာ ပွဲထဲမှာ ကိုယ်ရတဲ့အခွင့်အရေးအနည်းငယ်ကို အပိုင်အသုံးချနိုင်ခဲ့လို့ပါ။ ဒါပေမဲ့ ပွဲချိန်တွင်း အချိန်များစွာမှာ ကျွန်တော်တို့ အသင်းဟာ ခုခံကာကွယ်မှုကိုပဲ ပြုလုပ်ခဲ့ရတယ်။ ဒီပွဲမှာ အနိုင်ရခဲ့တာက ကံတရားရဲ့ဖေးမမှုကြောင့်သာဖြစ်ပြီး ကျွန်တော်တို့အသင်း ဒီနေ့ပွဲမှာ ကံကောင်းခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့အကြားမှာ ကွာဟမှု ကြီးမားနေဆဲဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ အသင်းကို ပိုမိုတောင့်တင်းအောင် တည်ဆောက်ဖို့လည်း လိုနေပါသေးတယ်။ ကျွန်တော်တို့အသင်းဟာ ပြီ ခဲ့တဲ့ (၂)လလောက်အတွင်းမှာ ဘာမှတိုးတက်မလာခဲ့သေးပါဘူး။ ဒါပေမဲ့ ကစားသမားတွေရဲ့ တာဝန်ယူမှုအပိုင်းမှာတော့ ပိုပြီး တိုးတက်လာပါတယ်။ ဒီပွဲမှာ အနိုင်ရခဲ့တဲ့အတွက်လည်း ကျွန်တော်ဂုဏ်ယူမိပါတယ်"ဟု Sky Sports သို့ ပြောကြားခဲ့သည်။

    

အာတီတာက ယင်းနိုင်ပွဲသည် မန်စီးတီးနှင့် ရင်ဆိုင်ရမည့်ပွဲအတွက် ခွန်အားနှင့် ပျော်ရွှင်မှုကို အဝတ်လဲခန်းအတွင်း ယူဆောင်ပေးနိုင်သည့် ပွဲတစ်ပွဲဖြစ်ကြောင်းနှင့် မန်စီးတီးနှင့် FA ဖလားပွဲတွင်လည်း အစွမ်းကုန်ကြိုးစားရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent