ပေါ့ဘာ ပြန်လည်ပါဝင်လာမည်ဖြစ်၍ မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သည်ဟု ဘာဘာတော့ဗ် ပြောကြား

ပေါ့ဘာ ပြန်လည်ပါဝင်လာမည်ဖြစ်၍ မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သည်ဟု ဘာဘာတော့ဗ် ပြောကြား
Photos : SPORTBible, MUFC Scoop Twitter
Photos : SPORTBible, MUFC Scoop Twitter
Published 4 June 2020

မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် ပေါ့ဘာ ပြန်လည်ပါဝင်လာမည်ဖြစ်၍ မန်ယူအသင်းအနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရရှိ်နိုင်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲသာ ကစားပေးနိုင်သေးသည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၉)အပြီးတွင် ရမှတ် (၄၅)မှတ်ဖြင့် အဆင့် (၅)နေရာ၌ ရပ်တည်နေပြီး အဆင့်(၄)နေရာမှ ချယ်လ်ဆီး (၄၈ မှတ်)နှင့် (၃)မှတ်သာ ကွာဟနေသည်။

ပေါ့ဘာ ပြန်ပါလာခြင်းမှာ မန်ယူအသင်းအတွက် တွန်းအားတစ်ရပ်ဖြစ်စေလိမ့်မည်ဟု ဘာဘာတော့ဗ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘာဘာတော့ဗ်က ''ပေါ့ဘာ ကြံ့ခိုင်မှုအပြည့် ပြန်ပါလာတာဟာ မန်ယူအတွက် အားတစ်ခုဖြစ်ပါလိမ့်မယ်။ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်အတွဲဟာ အရမ်းကြည့်ကောင်းမယ့်အတွဲအဖက်ဖြစ်ပြီး မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရယူနိုင်မယ်လို့ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent