တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စိတ်ကြိုက် မြန်မာစာ ဖြေဆိုသူ ၁၀ ဦးသာရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ကပြောကြားသည်။
မတ် ၁၁ ရက်တွင် မြန်မာစာ၊ မတ် ၁၂ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၁၃ ရက်တွင် သချာင်္ဘာသာရပ်ကို ဖြေဆိုပြီးဖြစ်ရာ မတ် ၁၄ ရက်တွင် စိတ်ကြိုက် မြန်မာစာဖြေဆိုရ ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရ သည်။
မတ် ၁၄ ရက်တွင် ကျင်းပသည့် စိတ် ကြိုက်မြန်မာစာဘာသာရပ်ဖြေဆိုသူသည် မန္တလေးတိုင်းဒေသကြီးမှ ကျောင်းသား နှစ် ဦး၊ ကချင်ပြည်နယ်မှ ငါးဦး၊ ရခိုင်ပြည်နယ်မှ ကျောင်းသားတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသ ကြီးမှ နှစ်ဦး စုစုပေါင်း ဆယ်ဦးသာရှိကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၁၉ တက္ကသိုလ်ဝင်စာမေး ပွဲတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်ဖြေဆိုသူသုံးဦးနှင့် ၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲတွင် တစ်ဦးသာရှိခဲ့သည်။
ယမန်နှစ် ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ မှစ၍ စိတ်ကြိုက်မြန်မာစာဘာသာရပ်မှလွဲ ၍ ကျန်ဘာသာရပ်များကို မေးခွန်းပုံစံသစ် စတင်ပြောင်းလဲခဲ့ပြီး ထိုမေးခွန်းပုံစံသစ်တွင် လွယ်သင့်ခက်မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှု ကို အားပေးသည့်မေးခွန်းများ ပိုမိုပါဝင်လာ ကြောင်းသိရသည်။
တက္ကသိုလ်ဝင်တန်းတွင် ဘာသာတွဲအ မှတ် (၇) နှင့် ၀ိဇ္ဇာသိပ္ပံဘာသာရပ်များပါဝင် သည့် ဘာသာတွဲအမှတ် (၁) ကို ဖြေဆိုသူ အများဆုံးဖြစ်သည်။
လာမည့် မတ် ၁၆ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၇ ရက်တွင် ရူပဗေဒ၊ မတ် ၁၈ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ မတ် ၁၉ ရက်တွင် ပထဝီဝင်နှင့် မတ် ၂၀ ရက်တွင် သမိုင်းဘာသာ တို့ ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရ သည်။
မြန်မာစာဖြေဆိုသည့်နေ့တွင် ဖြေဆို သူ ၉၁၀၂၇၃ ဦး၊ပျက်ကွက်သူ ၆၁၁၃၄ ဦး၊ အင်္ဂလိပ်စာဖြေဆိုသည့်နေ့တွင် ဖြေဆိုသူ ၉၀၉၅၃၉ ဦး၊ပျက်ကွက်သူ ၆၁၈၆၈ ဦး၊ သချင်္ာ ဖြေ ဆိုသည့်နေ့တွင် ဖြေဆိုသူ ၉၀၉၃၉၈ ဦး၊ ပျက်ကွက်သူ ၆၁၈၆၈ ဦးနှင့် စိတ်ကြိုက် မြန် မာစာဖြေဆိုသည့်နေ့တွင်ပျက်ကွက်သူတစ် ဦးရှိကြောင်း သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မသန်စွမ်းကျောင်းသား၊ကျောင်းသူ ၂၂၉ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနမှ သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအရ စာရင်းပေးသွင်းထားသူ ၉၇၁၄၀၇ ဦးရှိပြီး ၉၀၀၀၀၀ ကျော် ဝင်ရောက်ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။















