ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟောင်ကောင်တွင် ပထမဆုံး သေဆုံးမှုဖြစ်ပွားခဲ့ပြီး တရုတ်တွင် သေဆုံးသူ ၄၂၅ ဦးအထိ မြင့်တက်လာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟောင်ကောင်တွင် ပထမဆုံး သေဆုံးမှုဖြစ်ပွားခဲ့ပြီး တရုတ်တွင် သေဆုံးသူ ၄၂၅ ဦးအထိ မြင့်တက်လာ
Photo: AFP
Photo: AFP
Published 4 February 2020
Ref,AFP

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဟောင်ကောင်တွင် အမျိုးသားတစ်ဦး သေဆုံးခဲ့‌ကြောင်း ဟောင်ကောင်မီဒီယာများက ဖေဖော်ဝါရီ ၄ ရက်တွင် ဖော်ပြခဲ့ရာ ဟောင်ကောင်၏ ပထမဆုံးနှင့် တရုတ်ပြည်မကြီးပြင်ပတွင် ‌ဖိလစ်ပိုင်ပြီးလျှင် ဒုတိယ‌မြောက် သေဆုံးမှုဖြစ်သည်။

အသက် ၃၉ နှစ်ရှိ ထိုအမျိုးသားသည် ဝူဟန်သို့ ဇန်နဝါရီတွင် သွားရောက်ခဲ့ပြီး ထိုဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ဇန်နဝါရီ ၃၁ တွင် အတည်ပြုခဲ့ကာ ဆေးရုံတွင် ကုသနေစဉ် ရုတ်တရက် နှလုံးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်ဟု  မီဒီယာများက ဖော်ပြခဲ့သည်။

ထိုအမျိုးသားသည် ဟောင်ကောင်တွင် ထိုဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုထားမှု ၁၅ ခုအနက် ၁၃ ဦးမြောက် ကူးစက်ခံရမှု ဖြစ်သည်။

တရုတ်တွင် ဟူပေပြည်နယ်၌ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ဖေဖော်ဝါရီ ၄ ရက်တွင် ၆၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ပြီးနောက် သေဆုံးသူ ၄၂၅ ဦးအထိ မြင့်တက်လာခဲ့သည်။

ကူးစက်မှုသစ် ၃၂၃၅ မှု ဖြစ်ပွားခဲ့ပြီး တရုတ်တွင် ကူးစက်မှု စုစုပေါင်း ၂၀၄၀၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။

‌ဗိုင်းရပ်စ်ကူးစက်မှုသည် လတ်တလောတွင် ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ အမေရိကန် အပါအဝင် တရုတ်ပြည်မကြီး ပြင်ပမှ နိုင်ငံနှင့်ဒေသ ၂၃ ခုတွင် ဖြစ်ပွားခဲ့ပြီး ကူးစက်မှု ၁၅၁ မှုထက်မနည်း ရှိနေသည်။

Most Read

Most Recent