မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးခေါင်းလောင်းဖြစ်လာမည့် သီရိသုမနခေါင်းလောင်းကြီးကို မန္တလေးမြို့တွင် ကြေးပိဿာချိန် ၁၆၀၀၀ ကျော်ဖြင့် သွန်းလောင်း

မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးခေါင်းလောင်းဖြစ်လာမည့် သီရိသုမနခေါင်းလောင်းကြီးကို မန္တလေးမြို့တွင် ကြေးပိဿာချိန် ၁၆၀၀၀ ကျော်ဖြင့် သွန်းလောင်း
ခေါင်းလောင်းသွန်းလုပ်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်
ခေါင်းလောင်းသွန်းလုပ်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်
Published 11 January 2020
မင်းလတ်

စစ်ကိုင်းမြို့သီရိသုမနချောင် မိုးကုတ်ဝိပသနာဓမ္မရိပ်သာတွင်ထားရှိပြီး မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးခေါင်းလောင်း ဖြစ်လာမည့် သီရိသုမနခေါင်းလောင်းကြီး ကို မန္တလေးတွင် ကြေးပိဿာချိန် ၁၆၀၀၀ ကျော်ဖြင့် ခေါင်းလောင်းသွန်းလောင်းကို ကျပ်သိန်းပေါင်း ၆၀၀၀ ကျော် အကုန်အကျခံပြီး ပြာသိုလပြည့်နေ့တွင် ကြေးသွန်းလောင်း ခဲ့သည်ဟု တာဝန်ယူသွန်းလောင်းသည့် ရွှေခေါင်းလောင်းကြေးသွန်းလုပ်ငန်းမှ ကြေးသွန်းပညာရှင် ကိုအောင်သန်းမော်ထံမှ သိရသည်။

အဆိုပါ သီရိသုမနချောင်တွင်ပင် ချိတ်ဆွဲထားရှိမည်ဟုသီရိသုမနခေါင်းလောင်း ကြီးကို စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ သီရိ သုမနမိုးကုတ်ရိပ်သာဆရာတော်ကြီးက မွေး နေ့တွင် ဘုရားတွင်ပူဇော်ရန် ကျပ်သိန်းပေါင်း ၆၀၀၀ ကျော် အကုန်ကျခံပြီး သွန်းလောင်းခဲ့ကြောင်း ကြေးပိဿာချိန် ၁၆၀၀၀ ရှိခေါင်းလောင်ကြီးကိုလွန်ခဲ့သည့် ခုနှစ်လကျော်မှ စတင်၍ ပုသိမ်ကြီးမြို့နယ် တံတိုင်ရှည်ကျေးရွာတွင် ခေါင်းလောင်းကြီးသွန်းလုပ်ရန် မြေ မံခြင်း၊ အုတ်စီခြင်းနှင့် မို(ပုံလောင်း)လောင်း ခြင်းများလုပ်ဆောင်ထားပြီး ပြာသိုလပြည့် နေ့တွင် သွန်းလောင်းခဲ့သည်ဟု ရွှေခေါင်း လောင်းကြေးသွန်းလုပ်ငန်းမှ ကြေးသွန်း ပညာရှင် ကိုအောင်သန်းမော်က ပြောကြားသည်။

“ခေါင်လောင်းသွန်းလောင်ဖြင့်သာ က စစ်ကိုင်းတောင်ရိုး သီရိသုမနမိုးကုတ်ရိပ်သာ ရဲ့ ဆရာတော်ဦးသုမနက သူ့ရဲ့မွေးနေ့ သက်တော် ၇၅ နှစ်မြောက်မွေးနေ့အတွက် ဘုရား မှာပူဇော်ဖို့ သွန်းလောင်းတာပါ။ ဆရာတော် က ပထမဆုံး ကြေးသွန်းလောင်းဖို့ ပိဿာ ငါးထောင်လောက်ရည်ရွယ်တာပါ နောက်ကျတော့ ဆရာတော်ဘုရား ကြေးစုဆောင်း ပြီးသာများလာတော့ ကြေးပိဿာအချိန် ၁၆၀၀၀ လောက် သွန်းလောင်းဖြစ်တာ။ ဆရာတော်ဘုရားကလည်း ကြေးစုဆောင်းခဲ့တာ ငါးနှစ်လောက်ကြာခဲ့ပြီ။ ဆရာတော် ဘုရားရဲ့ ရည်ရွယ်ချက်က ဒီထက်ကြီးတဲ့ ခေါင်းလောင်းလည်းလုပ်ချင်ပေမဲ့ ဆရာတော် ဘုရား တတ်နိုင်သလောက်ပဲ လုပ်ခဲ့တာပါ။ ကျွန်တော်ကလည်း တစ်ခါတည်း အကြီးကြီးလောင်းတာထက် တစ်ဆင့်ဆင့်ဖြည်းဖြည်းချင်းကြီးတာတွေ သွန်းလောင်းချင်တာ။ ကိုယ့်ရဲ့အားနည်းချက်တွေသိပြီး ပြင်နိုင်မယ်။ တစ်ခါတည်းလုပ်တော့ အမှားဆိုတာ ရှိနိူင်တာပေါ့။ အခု ခေါင်းလောင်းကို သွန်း လောင်းဖို့လုပ်တာ ခုနစ်လအချိန်ယူရတယ်။ ဆရာတော်ဘုရားဆီသွားပြီး ချိတ်ပေးရမှာ က တန်ခူးလထဲသွားချိတ်ပေးရမယ်။ ဒီအလုပ်ကို လက်ခံခဲ့တာ တစ်နှစ်နဲ့ တစ်လကြာပါပြီ။ ခေါင်းလောင်းကြီးက မြန်မာပြည်မှာ ပထမအကြီးဆုံးက မင်းကွန်းခေါင်းလောင်း ကြီး၊ ဒုတိယက ရန်ကုန်ရွှေတိဂုံဘုရားမှာရှိတဲ့ သာယာဝတီမင်းခေါင်းလောင်း ပြီးတော့ တတိယခေါင်းလောင်းက အမရပူရ ပုထိုးတော်ဘုရားမှာရှိတဲ့ခေါင်းလောင်းက တတိယ နေရာမှာရှိတယ်။ သူက ကြေးပိဿာအချိန် ၁၅၀၀၀ ရှိတာ။  အခုဆရာတော်ဘုရားကြီးရဲ့ ခေါင်းလောင်းက ကြေးပိဿာချိန် ၁၆၀၀၀ ကျော်ဆိုတော့ ပုထိုးတော်ကြီးဘုရားမှာရှိတဲ့ ခေါင်းလောင်းက စတုတ္ထနေရာရောက်သွား မယ်။ ဆရာတော်ဘုရားကြီးရဲ့ ခေါင်းလောင်း က မြန်မာပြည်မှာ တတိယအကြီးဆုံးခေါင်းလောင်းဖြစ်သွားမယ်။ ခေါင်းလောင်းသွန်း လောင်းမယ့်အချိန်က မနက် ၉ နာရီ ၄၅ မိနစ် ကစပြီး ကြေးကျိုတယ်၊ ကြေးကျိုတဲ့ဖိုတစ်ဖိုကြာချိန်က ရှစ်နာရီလောက်ရှိတယ်။ ဖိုပေါင်း အများကြီးနဲ့ တမ္ပဝတီက ကြေးသွန်းပညာရှင် တွေအများကြီးဖိတ်ပြီး ကျိူကြတာပါ။ ကျွန်တော်တစ်ယောက်တည်း ကျိူလို့မရပါဘူး။ကြေးသွန်းလုပ်ငန်းက တစ်ယောက်တည်း လုပ်လို့ရတဲ့လုပ်ငန်း မဟုတ်ပါဘူး။ အားလုံး ပေါင်းစည်းပြီး ညီညီညွတ်ညွတ်လုပ်တဲ့လုပ် ငန်းဖြစ်ပါတယ်။ လောင်းတဲ့အချိန်ကကြာပါတယ်။ နားပြီး လောင်းရတာပါ။ ခေါင်းလောင်းကြီးအပြီးလောင်းတဲ့ ကြာချိန်က ငါးနာရီလောက်ရှိပါတယ်။ ကျွန်တော်တို့ညပိုင်း ၁၂ လောက်မှ ပြီးစီးပါမယ်”ဟု ကြေးသွန်း ပညာရှင် ကိုအောင်သန်းမော်က ပြောကြား သည်။

အဆိုပါ ကြေးခေါင်းလောင်းကြီးသည် အမြင့် ၁၅ ပေနှင့် ခေါင်းလောင်းအဝအကျယ် ကိုးပေရှိသည့် မြန်မာနိုင်ငံပထမအကြီးဆုံး ခေါင်းလောင်းရှိသည့် စစ်ကိုင်းမြို့နယ် မင်း ကွန်းရှိ မင်းကွန်းခေါင်းလောင်း (ကြေးပိဿာ ချိန် ၅၅၅၅၅) ဒုတိယအကြီးဆုံးဖြစ်သည့် ရန်ကုန်မြို့ ရွှေတိဂုံဘုရားရှိ သာယာဝတီမင်း ခေါင်းလောင်း (ကြေးပိဿာချိန် ၂၆၀၀၀)တို့ ပြီးလျှင် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး ကြေးခေါင်းလောင်းဖြစ်လာဖွယ်ရှိသည်။

ရွှေခေါင်းလောင်းကြေးသွန်းလုပ်ငန်းမှ ၂၀၁၅ တွင် ထားဝယ်မြို့ ရွှေတောင်စားစေတီ၌ထားရှိမည့် ကြေးပိသာချိန် ၁၂၀၀၀ ရှိ ခေါင်းလာင်းကြီးနှင့် ၂၀၁၆ တွင် သီတဂူဆရာ တော်ကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ကြေးပိဿာချိန် ၈၀၀၀ ရှိသောခေါင်းလောင်း ကြီးကို သွန်းလုပ်ခဲ့သည်။

Most Read

Most Recent