နှစ်ပေါင်း ၂၀ ကျော်အတွင်း သဖန်းဆိပ်ဆည် စံချိန်တင်ဆည်ရေလျော့ကျသွားရာမှ ကျွန်းလှမြို့ဟောင်းနှင့် ကျေးရွာဟောင်းများ ရေအောက်မှပေါ်ထွက်လာခြင်း

နှစ်ပေါင်း ၂၀ ကျော်အတွင်း သဖန်းဆိပ်ဆည် စံချိန်တင်ဆည်ရေလျော့ကျသွားရာမှ ကျွန်းလှမြို့ဟောင်းနှင့် ကျေးရွာဟောင်းများ ရေအောက်မှပေါ်ထွက်လာခြင်း
သဖန်းဆိပ်ဆည်ရေ လျော့ကျသွားသဖြင့် ရေအောက်မှ အဆောက်အအုံဟောင်းများ ပေါ်ထွက်လာစဉ်
သဖန်းဆိပ်ဆည်ရေ လျော့ကျသွားသဖြင့် ရေအောက်မှ အဆောက်အအုံဟောင်းများ ပေါ်ထွက်လာစဉ်
Published 31 December 2019

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ရှိ သဖန်းဆိပ်ဆည်၌ ၂၀၁၉ ခုနှစ် သြဂုတ်လမှ စတင်၍ ဆည်ရေနည်းပါးလာခြင်းကြောင့် ဆည်တည်ဆောက်စဉ်က ပြောင်းရွှေ့ပေးခဲ့ရသည့် ကျွန်းလှမြို့ဟောင်းနှင့် ကျေးရွာများ မှာ ဆည်တည်ဆောက်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း စံချိန်တင်ဆည်ရေ ကျဆင်းသွားသဖြင့် ရေအောက်မှ ပြန်လည် ပေါ်ထွက်လာခဲ့သည်။

ထိုသို့ စံချိန်တင်ဆည်ရေလျော့နည်းသွားခဲ့သဖြင့် ကျွန်းလှမြို့ဟောင်းနှင့် ကျေးရွာ ဟောင်းများ ရေအောက်မှ ပြန်လည်ပေါ်ထွက်လာခဲ့သဖြင့် ဆည်ကြောင့်ရွှေ့ပြောင်းပေးခဲ့ရ သည့် ဒေသခံများက သဖန်းဆိပ်ဆည်အတွင်း ရှိ ၎င်းင်းတို့နေထိုင်ခဲ့ရာ နေရာဟောင်းများသို့ နေ့စဉ် အလွမ်းပြေ လာရောက်ကြည့်ရှုမှုများ ပြုလုပ်ခဲ့ကြသည်။ဆည်ရေလျော့ကျနေသဖြင့် ကျွန််းလှမြို့ဟောင်းနှင့် ကျေးရွာဟောင်းများမှ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းနေ ရာများ၊ စာသင်ကျောင်းနေရာများ၊ လူနေအိမ် နေရာများ၊ သုသာန်ဟောင်းနေရာများ အစ ရှိသဖြင့် နေရာဟောင်းမှ အဆောက်အအုံ အကြွင်းအကျန်များစွာ ရေအောက်မှ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

၁၉၉၆ ခုနှစ်က သဖန်းဆိပ်ဆည် တည်ဆောက်မှုကြောင့် ကျွန်းလှမြို့ဟောင်းအပါအဝင် ကျေးရွာပေါင်း ၇၀ ကျော် ဆည်စီမံကိန်း နှင့်လွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြရသည်။ သဖန်းဆိပ်ဆည်စီမံကိန်းကြောင့် ပြောင်းရွှေ့ ပေးခဲ့ရသည့်ဒေသခံများမှာ ထိုစဉ်က ဒေသခံ များအပေါ် စီမံခန့်ခွဲပေးမှု အားနည်းခဲ့မှုများ ကြောင့် အခက်အခဲမျိုးစုံတို့ဖြင့် ကြုံတွေ့ခဲ့ရကာ ယနေ့အချိန်အထိ အခက်အခဲများ ဖြစ်ပေါ်နေရဆဲဖြစ်ကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။ ထို့ပြင် ဆည်စီမံကိန်းကြောင့် နေရာပြောင်းရွှေ့ပေးခဲ့ရ သည့် ဒေသခံများအား အစားထိုးပြန်လည်ပေး အပ်ခဲ့သည့် ယာမြေများမှာ စိုက်ပျိုးရန်အဆင် မပြေသည့်ယာမြေများဖြစ်နေသဖြင့် ဒေသခံ တောင်သူများ အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့ နေရလျက်ရှိသည်။ ဆည်စီမံကိန်းကြောင့် နေ ရာသစ်သို့ ပြောင်းရွှေ့ပေးခဲ့ရသည့် ကျွန်းလှ မြို့သစ်မှ ဒေသခံများမှာလည်း အခက်အခဲ မျိုးစုံတို့ဖြင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

၁၉၉၆ ခုနှစ်က စတင်တည်ဆောက်ခဲ့သည့် သဖန်းဆိပ်ဆည်မှာ ၂၀၁၉ ခုနှစ်တွင် အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆိုးရွား သည့်မိုးခေါင်မှုကြောင့် ဆည်အတွင်း ရေဝင်ရောက်မှုနည်းပါးခဲ့ကာ ဆည်တည်ဆောက်ပြီး နောက် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဆည်အတွင်း ဆည် ရေနည်းပါးနေသည့် ရက်အကြာဆုံးနှင့် ဒုတိ ယမြောက် ဆည်ရေပြည့်မှတ်အောက်သို့ ကျ ဆင်းသွားခဲ့သည့် နှစ်တစ်နှစ် ဖြစ်ခဲ့ရသည်။ ပထမအကြိမ်ဆည်ရေနည်းမှုမှာ ၂၀၀၄ ခုနှစ် ကဖြစ်ပြီး ဆည်ရေပြည့်မှတ်အောက် ၄၉၈ ပေအထိ ကျဆင်းသွားခဲ့ပြီး များမကြာမီ မိုး ပြန်လည်ရွာသွန်းလာသဖြင့် ရက်ပိုင်းအတွင်း ဆည်ရေပြည့်မှတ်သို့ ပြန်လည်ရောက်ရှိခဲ့ သည်။ ယခု ဒုတိယအကြိမ် ဆည်ရေနည်းမှုမှာ ဆည်ရေမှတ် ၅၀၃ ပေ (ဒီဇင်ဘာ ၁၇ ရက်)အထိသာ ကျဆင်းသွားခဲ့သော်လည်း မိုးခေါင် ခဲ့သဖြင့် သတ်မှတ်ဆည်ရေပြည့်မှတ်သို့ ရောက်ရှိလာခြင်းမရှိသေးပေ။

ဆည်ရေနည်းပါးနေပြီး ၂၀၂၀ ပြည့်နှစ် နွေးစပါးစိုက်ပျိုးရန် ဆည်ရေလုံလောက်စွာ ပေးဝေနိုင်မှုမရှိတော့သဖြင့် နိုဝင်ဘာ ၃၀ ရက်ကစတင်၍ နွေစပါးအတွက် ဆည်ရေ ပေးဝေမှုကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ ဆည်ရေ ပေးဝေမှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

သဖန်းဆိပ်ဆည်မှ ကန့်ဘလူ၊ ဇီးကုန်း၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊ အရာတော်၊ စစ်ကိုင်း အစရှိသည့် မြို့နယ်များသို့ စိုက်ပျိုးရေဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent