၂၀၁၈ သြဂုတ်လမှစ၍ မိမိအမှားကြောင့် ပြိုင်ဘက်ကို ဂိုးအများဆုံးပေးရသူအဖြစ် လေနို ဦးဆောင်

၂၀၁၈ သြဂုတ်လမှစ၍ မိမိအမှားကြောင့် ပြိုင်ဘက်ကို ဂိုးအများဆုံးပေးရသူအဖြစ် လေနို ဦးဆောင်
Published 30 December 2019

 

အာဆင်နယ်ဂိုးသမား ဘန်းလေနိုမှာမူ ယင်းပွဲတွင် သူ၏အမှားများမှတစ်ဆင့် ချယ်လ်ဆီးအသင်းဘက်သို့ ဂိုးများခွင့်ပြုခဲ့ရပြီး အာဆင်နယ်အသင်းကို သူရောက်ရှိလာသည့် ၂၀၁၈ သြဂုတ်လမှစ၍ အမှားအများဆုံးကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်နေကြောင်း သိရှိရသည်။ 

ယင်းကာလအတွင်း မိမိအမှားကြောင့် ပြိုင်ဘက်ကို ဂိုးပေးရသည့်ကစားသမားစာရင်းတွင် လေနိုမှာ ပေးဂိုး(၇) ဂိုးဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေခြင်းဖြစ်သည်။ 

အာဆင်နယ် နှင့် ချယ်လ်ဆီးတို့ကစားခဲ့သောပွဲစဉ်တွင် ဒိုင်လူကြီး ခရိတ်ပေါလ်ဆင်သည် အဝါကတ်(၉)ကတ် (အာဆင်နယ်အသင်းကို ၅ ကတ်၊ ချယ်လ်ဆီးအသင်းကို ၄ ကတ်) ပြခဲ့ရာ ပြီးခဲ့သည့် (၁၀)လအတွင်း အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်ရာသီမှစ၍ မိမိ၏အမှားကြောင့် ပြိုင်ဘက်ကို ဂိုးအများဆုံးပေးရသူများ

ကစားသမား    ကလပ်        ကစားသည့်နေရာ    ပေးဂိုး

ဘန်းလေနို    အာဆင်နယ်    ဂိုး    (၇)ဂိုး

ဒီဟေးယား    မန်ယူ        ဂိုး    (၆)ဂိုး

ဒူဘရေကာ    နယူးကာဆယ်    ဂိုး    (၆)ဂိုး

ဘီဂိုဗစ်        ဘုန်းမောက်    ဂိုး    (၅)ဂိုး

ပစ်ဖို့ဒ်        အဲဗာတန်        ဂိုး    (၅)ဂိုး

 

Most Read

Most Recent