ရီးယဲလ်ကွင်းလယ်ကစားသမား မိုဒရစ်သည် ၂၀၁၉ ခုနှစ်အတွက် ချီးမြှင့်သော ရွှေခြေထောက်ဆုကို ရရှိခဲ့ကြောင်း သိရှိရသည်။
ရွှေခြေထောက်ဆုသည် အသက်(၂၈)နှစ်အထက် ကစားသမားများကို ရွေးချယ်ချီးမြှင့်သည့်ဆုဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ပထမဆုံးရွှေခြေထောက်ဆုကို အီတလီကစားသမား ဘက်ဂီယိုက ရရှိခဲ့ပြီး အီတလီကစားသမားများက (၄)ကြိမ်ဖြင့် အများဆုံးရရှိထားသည်။
မိုဒရစ်သည် ခရိုအေးရှားကစားသမားများထဲမှ ရွှေခြေထောက်ဆု ပထမဆုံးရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
မိုဒရစ်က ''ဒါဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။ ကျွန်တော့်ရဲ့ခြေစွမ်း အကောင်းဆုံးပုံစံကို ပြန်ရောက်လာခဲ့ပြီဆိုတာ ပြီးခဲ့တဲ့ အီဘာနဲ့ပွဲမှာ ပြသခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနှစ်ထဲမှာ အရေးကြီးတဲ့ပွဲ (၇)ပွဲ ကစားရဖို့ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ခြေစွမ်းကို ဆက်ထိန်းထားနိုင်အောင် ကြိုးစားသွားမှာပါ'' ဟု ပြောကြားခဲ့သည်။










