ဖမ်းဝရမ်း ထုတ်ခံထားရသူများ အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်နေသည့်ကိစ္စ များပြားနေခြင်းသည် နိုင်ငံတော်ကို မထိလေးစားရာ ရောက်သကဲ့သို့ တရားဥပဒေ စိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍ၏ ပုံရိပ်ကို များစွာကျဆင်း အကျည်းတန်စေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ဖမ်းဝရမ်း ထုတ်ခံထားရသူများ အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်နေသည့်ကိစ္စ များပြားနေခြင်းသည် နိုင်ငံတော်ကို မထိလေးစားရာ ရောက်သကဲ့သို့ တရားဥပဒေ စိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍ၏ ပုံရိပ်ကို များစွာကျဆင်း အကျည်းတန်စေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 6 November 2019
စိုးမင်းထိုက်

ဖမ်းဝရမ်းထုတ်ခံထားရသူများ အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်လွတ်မြောက်နေသည့်ကိစ္စ များပြားလာနေခြင်းသည် နိုင်ငံတော်ကို မထိလေးစားရာရောက်သကဲ့သို့ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး ကဏ္ဍ၏ပုံရိပ်ကို များစွာကျဆင်းအကျည်း တန်စေကြောင်း  မန္တလေးတိုင်းဒေသကြီး မဲ ဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် အမျိုး သားလွှတ်တော်အစည်းအဝေးတွင် ဦးထွန်းထွန်းဦးက တရားဥပဒေကို မထီမဲ့မြင်ပြုကြသော ဝရမ်းပြေကိစ္စရပ်များ လျော့နည်း ပပျောက်သွားစေရန် မည်ကဲ့သို့ဆောင်ရွက် ထားသည်ကို သိရှိလိုကြောင်း မေးခွန်းမေး မြန်းစဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝရမ်းပြေးများကို ဖမ်းဆီးရမည့် ရဲတပ် ဖွဲ့ဝင်များ၊ တရားသူကြီးများ၊ တရားရေး ဝန်ထမ်းများအတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေများတွင် ဖမ်းဆီးခြင်းဆောင်ရွက်ရ မည့်နည်းလမ်းများကို ပြည့်စုံစွာပြဋ္ဌာန်းထား ကြောင်း၊ ယင်းပြဋ္ဌာန်းချက်များကို မလိုက်နာ ပါက ပြစ်မှုမြောက်သည်ဟု သတ်မှတ်၍ ပြစ် ဒဏ်များချမှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း မေးခွန်းမေးမြန်းစဉ် ဦးထွန်းထွန်းဦးက ပြော ကြားသည်။

‘‘ဝရမ်းပြေးများကို ဖမ်းဆီးရမယ့် ရဲ တပ်ဖွဲ့ဝင်များ၊ တရားသူကြီးများ၊ တရားရေး ဝန်ထမ်းများအတွက် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေများမှာ ဖမ်းဆီးခြင်း၊ ထွက်ပြေးခြင်းနှင့် ပြန်လည်ဖမ်းဆီးခြင်း၊ တရားရုံးသို့ ဆင့်ဆို ခြင်းနှင့် ဝရမ်းကပ်ခြင်း၊ ရှာဖွေခြင်း၊ ဖမ်းဆီး ရမည့်နည်းလမ်း၊ ပြန်လည်ခုခံပါက ဆောင် ရွက်ရမည့်နည်းလမ်း စသည့်အချက်များကို ပြည့်စုံလုံလောက်စွာ ပြဋ္ဌာန်းထားပါတယ်။ ဒီလိုပြဋ္ဌာန်းချက်တွေကို တိတိကျကျ မလိုက် နာဘဲ၊ မကျင့်သုံးဘဲ၊ လျစ်လျူရှုဆောင်ရွက် တဲ့ တရားစီရင်ရေးဆိုင်ရာ နိုင်ငံံဝန်ထမ်းများ ဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များ၊ တရားသူကြီးများ၊ အစိုးရရှေ့နေများကိုလည်း ဖြောင့်မှန်စွာ တရားစီရင်ရေးကို ဆန့်ကျင်သည့် ပြစ်မှုမြောက် သည်ဟုသတ်မှတ်၍ ပြစ်ဒဏ်များကို ချမှတ် ရမည်ဟု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၁ မှာ တိကျရှင်းလင်းစွာ ဖော်ပြထားပါတယ်။ ဥပဒေသဘောအရဆိုရင် တရာသူကြီး တစ် ဦးက ဖမ်းဝရမ်းထုတ်ဆင့်ပေးခြင်းဟာ နိုင်ငံ တော်သမ္မတက ဖမ်းခိုင်းခြင်းနဲ့ အတူတူပဲဖြစ် ပါတယ်။ တစ်ခုခုကြောင့် ဖမ်းဝရမ်းထုတ် ဆင့်ခံထားရတဲ့သူများက အဖမ်းမခံဘဲ ထွက် ပြေးတိမ်းရှောင်လွတ်မြောက်နေတဲ့ကိစ္စရပ် များ ပိုမိုများပြားလာနေတယ်ဆိုတာကိုက နိုင်ငံတော်ကို မထိလေးစားရာရောက်သလို တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်၏ တရားစီရင်ရေးကဏ္ဍ၏ပုံရိပ်ကို များစွာကျ ဆင်း အကျည်းတန်လှပါတယ်’’ဟု ဦးထွန်း ထွန်းဦးက ပြောကြားသည်။

အဆိုပါမေးမြန်းမှုနှင့်ပတ်သက်၍ ပြည် ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး က ‘‘ဝရမ်းပြေးမှု တစ်နည်းအားဖြင့် တရားခံ ပြေးမှုများကို ပိုင်းခြားကြည့်မယ်ဆိုရင် တရား ခံထွက်ပြေးတိမ်းရှောင်တဲ့ ကာလနှစ်ပိုင်းကို ခွဲခြားသိရှိနိုင်မှာဖြစ်ပါတယ်။  တစ်ခုကတော့ ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်း ရှောင်ခြင်းနဲ့ နောက်တစ်ခုကတော့ တရားရုံး က စစ်ဆေးနေစဉ် ထွက်ပြေးတိမ်းရှောင်ခြင်း ဖြစ်ပါတယ်။ တရားခံပြေးမှုများကို တရားစွဲ ဆို ဆောင်ရွက်လျက်ရှိပါတယ်။ သက်ဆိုင် ရာတရားခံကို ဖမ်းဝရမ်းထပ်မံထုတ်ဆင့်ပါ တယ်။ အဲဒီဝရမ်းဟာ တရားခံကို မဖမ်းမိ သမျှ အာဏာသက်ရောက်တဲ့ ဝရမ်းဖြစ်ပါ တယ်။ ဒီဝရမ်းဟာ မြန်မာနိုင်ငံတစ်ဝန်း မည် သည့်အရပ်၊ မည်သည့်နေရာမှာမဆို အတည် ပြုဖမ်းဆီးနိုင်တဲ့ ဝရမ်းဖြစ်ပါတယ်။ ဝရမ်းပေါ်မှာ တရားခံရဲ့နေရပ်လိပ်စာရေးသားထားသော်လည်း အဲဒီအရပ်မှာမှ ဖမ်းရ မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအတွင်း မည် သည့်နေရာမှာမဆို ဖမ်းဆီးနိုင်ပါတယ်။ ဝရမ်း အတည်ဖြစ်ပါက ဝရမ်းထုတ်ဆင့်ရာ တရား ရုံးကို ပို့ပေးရမှာဖြစ်ပါတယ်။ တရားခံရဲ့ မျက် ကွယ်မှာ စစ်ဆေးတာလည်း ရှိပါတယ်။ တရားခံပြေးကို မည်သည့်နေရာမှာမဆို မည် သူမဆို ဖမ်းဆီးနိုင်ပါတယ်လို့ ဝရမ်းထုတ် ပေးထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့က ရှာဖွေဖမ်းဆီးရမှာဖြစ်ပါတယ်။ တရား ခံပြေးကို မဖမ်းမိသမျှ တရားခံပြေးအဖြစ် တည်ရှိနေမှာဖြစ်ပါတယ်။ တရားခံပြေး၊ ဝရမ်းပြေးများနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်ရာမှာ ဥပဒေပြဋ္ဌာန်းချက်များဟာ တော်တော်ကို ပြီးပြည့်စုံပါတယ်။ ပြည်သူတွေကို အသိပညာပေးထားခြင်းဖြင့် ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့ ဝရမ်းပြေးတွေကို ဖမ်းဆီးနိုင်ဖို့ဆောင်ရွက်သင့်ပါတယ်ဟု ပြန်လည်ဖြေကြားသည်။

 

 

Most Read

Most Recent