အေဂျက်စ်၏ကစားပုံက မိမိတို့နှင့်ဆင်တူသည်ဟု ချယ်လ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ပြောကြား

အေဂျက်စ်၏ကစားပုံက မိမိတို့နှင့်ဆင်တူသည်ဟု ချယ်လ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ပြောကြား
Photos: Getty Images
Photos: Getty Images
Published 23 October 2019

အသက် (၂၂)နှစ်ရှိ အင်္ဂလန် လူငယ်တိုက်စစ်မှူး အေဘရာဟမ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၁၂) ပွဲ၌(၉)ဂိုးသွင်းယူပေးထားသည်။

 

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး အေဘရာဟမ်က ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမည့်  အေဂျက်စ်အသင်း၏ကစားပုံမှာ မိမိတို့နှင့်ဆင်တူသည်ဟု သုံးသပ်ပြောကြားခဲ့သည်။ 

အသက် (၂၂)နှစ်ရှိ အင်္ဂလန် လူငယ်တိုက်စစ်မှူး အေဘရာဟမ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၁၂) ပွဲ၌(၉)ဂိုးသွင်းယူပေးထားသည်။

 အေဘရာဟမ်က " အေဂျက်စ်ကလည်း ကျွန်တော်တို့အသင်းလိုပါပဲ။ ဘောလုံးပိုင်ဆိုင်မှုအ သားပေးပြီးကစားတတ်တဲ့လူငယ်တွေနဲ့ဖွဲ့စည်းထားတယ်။ ဘောလုံးဆုံးရှုံးသွားရင်လည်း အလျင်အမြန်ပြန်ရဖို့ ကြိုးစား တတ်တယ်။ ခက်ခဲတဲ့ပွဲဖြစ်လာနိုင်ပေမယ့် ရလဒ်ကောင်းဖို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည်  အေဂျက်စ်အသင်းအား အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။ 

 

Most Read

Most Recent