ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ဖြစ်ပေါ်လာရေးအတွက် အရေးကြီးသည့်သဘောတူညီချက် ၂၀ ခန့်သာရရှိရန် လိုအပ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် သုံးသပ်

ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ဖြစ်ပေါ်လာရေးအတွက် အရေးကြီးသည့်သဘောတူညီချက် ၂၀ ခန့်သာရရှိရန် လိုအပ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် သုံးသပ်
၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံတတိယအစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံတတိယအစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
Published 16 October 2019
မင်းနိုင်စိုး

ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ဖြစ်ပေါ်လာရေးအတွက် အရေးကြီးသည့်သဘောတူညီချက် ၂၀ ခန့်သာ ရရှိရန်လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)  ပါတီ၏ တွဲဖက်အတွင်းရေးမှူး၊  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ၏ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က သုံးသပ်သည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် UPDJC လက်မှတ်ရေးထိုးမှု (၄) နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပြီး အဆိုပါအခြေအနေတွင် မြန်မာနိုင်ငံ၏ ငြိမ်း ချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ‘ငြိမ်းချမ်းရေးဖြစ်စဉ် အရွေ့ဘယ်လောက်ရှိပြီလဲ (သို့) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာ စုပင်လုံ သဘောတူညီချက်များနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ဟူသော ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ်သုံးသပ်ချက်တွင် UPDJC အတွင်းရေးမှူး အဖွဲ့ဝင် စိုင်းကျော်ညွန့်က အထက်ပါအတိုင်း သုံးသပ်ထားခြင်း ဖြစ်သည်။

များပြားလှသည့် ဆွေးနွေးသဘောတူညီချက်များရယူရန် လိုအပ်နေသေးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မည်သည့်အချိန်တွင် ပြီးဆုံးမည်နည်းဟု မေးမြန်းရန်ရှိကြောင်း၊ ဆွေးနွေးသဘောတူရန် အချက်များစွာ ကျန် ရှိနေသေးသော်လည်း ဖက်ဒရယ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ဖြစ်ပေါ်လာ ရေးအတွက် အရေးကြီးသည့် သဘောတူညီချက် ၂၀ ခန့်သာ ရရှိရန်လိုအပ်သည်ဟု ၎င်းက သုံးသပ်ခဲ့သည်။

အဆိုပါ အချက် ၂၀ ခန့်အား ပြည်ထောင်စုအတွင်းရှိ အရေးပါသော၊ ဆုံးဖြတ်ချက်ပေးနိုင်သော ခေါင်းဆောင်ကြီးများက သဘောတူလက်မှတ်ရေးထိုးနိုင်ပါက အကောင်အထည်ဖော်ဆောင်ရန်အတွက် လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် စိုင်းကျော်ညွန့်က သုံးသပ်သည်။

NCA အရ ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကရည်မှန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်သည့်အတွက် လက်ရှိ ရရှိထားသော ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘော တူညီချက်များအား သုံးသပ်ကြည့်ပါက နိုင်ငံ ရေးကဏ္ဍဆိုင်ရာ အခြေခံမူများတွင် သဘော တူညီချက်ရရှိမှုနည်းပါးသည်ကို တွေ့ရသည် ဟု ၎င်းင်းက ရေးသားထားသည်။

ထို့ပြင် ရရှိထားသည့် သဘောတူညီ ချက် အများစုသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် များစွာကွဲလွဲမှုမရှိသည် ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စီးပွားရေးဆိုင် ရာကဏ္ဍတွင် အထိုက်အလျောက် သဘော တူညီချက်ရရှိသော်လည်း ဘဏ္ဍာရေးဆိုင် ရာ ဖက်ဒရယ်စနစ်ရှုထောင့်မှ ကြည့်ရှုလျှင် အားကောင်းမောင်းသန်ဖြစ်သည့် အဆင့်သို့ ရောက်ရှိခြင်းမရှိသည်ကို တွေ့ရကြောင်း၊ မြေယာဆိုင်ရာကဏ္ဍတွင်လည်း သဘောတူ ညီချက်များသည် တိုးတက်မှုရှိသည်ဟုဆိုနိုင် သော်လည်း ဖက်ဒရယ်စနစ်ကိုကျင့်သုံးသော ပြည်ထောင်စုများရှိ မြေယာဆိုင်ရာကဏ္ဍများနှင့် တိုက်ဆိုင်စစ်ဆေးပါက အားရကျေ နပ်ဖွယ် အနေအထားတွင် ရှိမနေကြောင်း စိုင်းကျော်ညွန့်က သုံးသပ်သည်။

ထူးခြားမှုအနေဖြင့် နိုင်ငံရေးကဏ္ဍဆိုင်ရာ ဆွေးနွေးမှုများတွင် မည်သည့်အ ကြောင်းကြောင့်ဖြစ်စေ ကျား၊ မ ဆိုင်ရာ တန်းတူညီမျှမှုနှင့်ပတ်သက်သည့် သဘော တူညီချက်များ ရရှိခဲ့သည်မှာ ကောင်းမွန်သည့် ရလဒ်ဖြစ်သည်ဟု ဆိုရမည်ဖြစ်ပြီး ငြိမ်းချမ်း ရေးဖြစ်စဉ်၏ အရေးအကြီးဆုံးအပိုင်းထဲမှ တစ်ခုဖြစ်သည့် လုံခြုံရေးဆိုင်ရာကဏ္ဍတွင် မူဝါဒများ မဆိုထားနှင့် ဆွေးနွေးမည့် အကြောင်းအရာခေါင်းစဉ်ကိုပင် သတ်မှတ်နိုင် ခြင်းမရှိသေးသည့်အတွက် ပဋိပက္ခဖြေရှင်း ရေးများစွာ ကြိုးစားရဦးမည်ဖြစ်သည်ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင်က သုံးသပ် ထားသည်။

ထို့ပြင် ပြည်ထောင်စုသဘောတူညီ ချက်များကို သုံးသပ်ကြည့်ပါက ဖက်ဒရယ် ဆိုင်ရာ အခြေခံမူများ မဆိုထားနှင့် ပြည် ထောင်စုအား ‘ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုအဖြစ် တည်ဆောက်မည်’ ဟူ၍ပင် သဘောတူညီမှု မချမှတ်နိုင်ဘဲ ဒီမိုကရေစီ နှင့် ဖက်ဒရယ်ကိုအခြေခံသော ပြည်ထောင် စုဟုသာ သဘောတူညီထားနိုင်ကြောင်း လည်း ၎င်းက သုံးသပ်ခဲ့သည်။

နိုင်ငံသားဆိုင်ရာ အခန်းတွင်လည်း ၁၉၈၂ နိုင်ငံသား ဥပဒေနှင့်ပင် ရှုပ်ထွေးနေ ကာ လက်ရှိအချိန်အထိ ပြင်ဆင်နိုင်ခြင်းမရှိ သေးကြောင်း၊ နိုင်ငံသားဖြစ်ခြင်းဆိုင်ရာ ဥပဒေများ ဆက်လက်ပြဋ္ဌာန်းနိုင်ရန် ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် တိတိလင်းလင်းဖော်ပြ ထားသင့်ကြောင်း ၎င်းင်းက အကြံပြုထားသည်။

ပြည်ထောင်စုသဘောတူစာချုပ်တွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုနှင့် သက်ဆိုင်သည့် သဘောတူ ညီချက်များ ဆွေးနွေးနိုင်ခြင်းမရှိသေးဘဲ တရားစီရင်ရေးကဏ္ဍကိုလည်း ပြင်ဆင်ရန် လိုအပ်နေပြီဖြစ်ကာ ပြည်လူဗဟိုပြုသော ဖက်ဒရယ်စနစ်နှင့် ကိုက်ညီသော တရားစီရင် ရေးစနစ်သို့ ပြောင်းလဲချိန်တန်ပြီဟု စိုင်းကျော် ညွန့်က သုံးသပ်သည်။

စီမံခန့်ခွဲရေးနှင့် ပြည်သူ့ဝန်ထမ်းကိစ္စ၊ ဖက်ဒရယ်စနစ်နှင့် ကိုက်ညီသော လုံခြုံရေး စနစ်ဖြစ်ပေါ်လာရေး၊ မဏ္ဍိုင်ကြီးသုံးရပ်အား ထိန်းညှိမည့် လွတ်လပ်သည့် အဖွဲ့အစည်း များ အားကောင်းလာရေး လိုအပ်သည့် သဘောတူညီချက်များ ရရှိနိုင်ရန်အတွက် ပြည်သူ့အကျိုး၊ ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုး ရေးအတွက် မိမိတို့၏ ကိုယ်ကျိုးစီးပွား၊ အဖွဲ့ အစည်း ကိုယ်ကျိုးစီးပွားကိုစွန့်ခွာ၍ ပြည် ထောင်စု တိုးတက်ရာတိုးတက်ကြောင်း သက် ဆိုင်သည့်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းအ သီးသီးက ဆောင်ရွက်ကြရန်  UPDJC  အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က တိုက်တွန်းသည်။

  

Most Read

Most Recent