ပရီးမီးယားလိဂ်ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်
Published 21 September 2019

လက်စတာ နှင့် စပါး (စနေည ၆းဝ၀ နာရီ)

လက်စတာအသင်းရဲ့ King Power ကွင်းမှာ ကစားမယ့် ဒီပွဲက ပရီးမီးယားလိဂ်ပွဲစဉ် (၆)ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ လက်စတာက မန်ယူနဲ့ပွဲက အရှုံးကို ချေဖျက်ရမှာဖြစ်ပြီး စပါးကတော့ ပဲလေ့စ်နဲ့ပွဲတုန်းက (၄)ဂိုးပြတ် အနိုင်ရခဲ့တဲ့အရှိန်နဲ့ ဆက်ထိန်းဖို့ ကြိုးစားလိမ့်မယ်။ (၂)သင်းစလုံးရဲ့ တိုက်စစ်ပိုင်းမှာ အားကောင်းတဲ့ကစားသမားတွေရှိနေပြီး ခြေစွမ်းပြနေတဲ့ ဗာဒီနဲ့ ပရီးမီးယားလိဂ်နောက်ပိုင်းပွဲတွေမှာ ဂိုးပေါက်ပျောက်နေတဲ့ ဟာရီကိန်းတို့ ဘယ်သူ့ပွဲဖြစ်မလဲဆိုတာကိုလည်း စောင့်ကြည့်ရမယ်။ လက်စတာအသင်းဟာ အိမ်ကွင်းမှာ သူတို့ကို အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်းဖြစ်ပြီး ဒီအချက်ကပဲ စပါးကို ဒုက္ခပေးလိမ့်မယ်။ စပါးက ပိုကောင်းတဲ့လူစာရင်းနဲ့ အင်အားတောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်ပေမယ့် အနိုင်ရဖို့အတွက် ရုန်းကန်ရမှာပါ။ ခြေစွမ်းပိုင်းအရ ဒီ(၂)သင်းကြား ကွာဟချက်သိပ်မရှိပါဘူး။ စပါးက အင်အားပိုတောင့်ပြီး လက်စတာက အိမ်ကွင်းအားသာချက်ရှိတယ်။ (၁-၁) ဂိုးလောက် ဖြစ်လိမ့်မယ်။

ဘန်လေ နှင့် နောဝစ်ချ် (စနေည ၈း၃၀ နာရီ)

နောဝစ်ချ်က ပြီးခဲ့တဲ့ပွဲစဉ်မှာ လက်ရှိချန်ပီယံ မန်စီးတီးကို အနိုင်ကစားပြီး တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့တယ်။ တိုက်စစ်မှူး ပွတ်ကီက မှန်းဆလို့မရတဲ့ပုံစံနဲ့ ဒီရာသီ (၆)ဂိုးမြောက် သွင်းဂိုးသွင်းယူနိုင်ခဲ့တယ်။ ဒီပွဲမှာလည်း ဘန်လေခံစစ်ကို ဒုက္ခပေးနိုင်မှာပါ။ ဒါပေမဲ့ ဘန်လေက အိမ်ကွင်းမှာ မာကျောပြီး နောဝစ်ချ်ကလည်း အဝေးကွင်းပွဲစဉ်တွေမှာ  အားမကောင်းပါဘူး။ နောဝစ်ချ် ရှုံးပွဲ ပြန်တွေ့မယ်ထင်တယ်။

အဲဗာတန် နှင့် ရှက်ဖီးယူနိုက်တက် (စနေည ၈း၃၀ နာရီ)

ဘုန်းမောက်နဲ့ပွဲမှာ ခြေစွမ်းကောင်းကို ပြနိုင်ခဲ့ပေမယ့် အဲဗာတန် ရှုံးပွဲတွေ့ခဲ့တယ်။ တစ်နည်းအားဖြင့် အဝေးကွင်းပွဲစဉ်တွေမှာ ဆက်လက်ရုန်းကန်ခဲ့ရတာဖြစ်ပြီး အိမ်ကွင်းမှာ တော့ အဲဗာတန်က ကြောက်စရာကောင်းတဲ့အသင်းတစ်သင်းပါ။ ဒီပွဲမှာ မနိုင်ခဲ့ရင် မာကို ဆေးလ်ဗားလည်း အခုရာသီအတွက် စိုးရိမ်စရာဖြစ်လာလိမ့်မယ်။ အဲဗာတန် (၂-၀)ဂိုး လောက်နဲ့ နိုင်မယ်။

မန်စီးတီး နှင့် ဝက်ဖို့ဒ် (စနေည ၈း၃၀ နာရီ)

နောဝစ်ချ်နဲ့ပွဲတုန်းက မထင်မှတ်ဘဲ ရှုံးပွဲတွေ့ခဲ့တဲ့ မန်စီးတီးအတွက် ဒီပွဲက အရေးကြီးပါတယ်။ လီဗာပူးလ်ပွဲကျပ်နေတဲ့အချိန်မှာ လီဗာပူးလ်ရဲ့ခြေအချော်ကိုစောင့်ရင်း ဝက်ဖို့ဒ်ကို အနိုင်ကစားထားမှာပါ။ ဝက်ဖို့ဒ်က အာဆင်နယ်ကို (၂)ဂိုးအရှုံးကနေ သရေပြန် ကစားခဲ့တာမှန်ပေမယ့် မန်စီးတီးကွင်းမှာတော့ သေချာပေါက် အရှုံးပေးရလိမ့်မယ်။ မန်စီးတီး (၃-၀)ဂိုးလောက်ဖြစ်မယ်။

နယူးကာဆယ် နှင့် ဘရိုက်တန် (စနေည ၁၁းဝ၀ နာရီ)

မျှော်လင့်ထားတဲ့အတိုင်းပဲ လီဗာပူးလ်နဲ့ပွဲမှာ နယူးကာဆယ် ရှုံးပွဲတွေ့ခဲ့တယ်။ ခြေစွမ်းပိုင်းကတော့ အရမ်းမဆိုးရွားခဲ့ဘူး။ ဦးဆောင်ဂိုးတောင်ရခဲ့တာ တွေ့ရတယ်။ ဘရိုက်တန်က အိမ်ကွင်းမှာ ဘန်လေကို အနိုင်ရလုနီးပါးကစားခဲ့ပေမယ့် သရေနဲ့ အဆုံးသတ်ခဲ့တဲ့အသင်းပါ။ ဒီပွဲက အင်အားချင်း သိပ်မကွာသလို ရပ်တည်မှုလည်းမကွာတဲ့ ပွဲစဉ်တစ်ပွဲပါ။ သရေကျရင် အံ့အားစရာမရှိဘူး။

 

Most Read

Most Recent