နိုင်ငံတကာရက်သတ္တပတ်အပြီးမှသာ ရီးယဲလ်အတွက် ဟာဇက် စတင်ကစားနိုင်ဖွယ်ရှိ

နိုင်ငံတကာရက်သတ္တပတ်အပြီးမှသာ ရီးယဲလ်အတွက် ဟာဇက် စတင်ကစားနိုင်ဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 25 August 2019

ရီးယဲလ်အသင်းက ဟာဇက် ပြန်ကစားနိုင်မည့်အချိန်ကို ကြေညာခြင်းမရှိသော်လည်း သုံးပတ်မှ လေးပတ်အထိ အနားယူရနိုင် ကြောင်း စပိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။ 

ရီးယဲလ်အသင်း တောင်ပံကစားသမား ဟာဇက်အနေဖြင့် စက်တင်ဘာလဆန်းတွင်ကစားမည့် နိုင်ငံတကာရက်သတ္တပတ်ပြီးဆုံးမှသာ စတင်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။

ယခုနွေရာသီတွင် ချယ်လ်ဆီး အသင်းမှ ရီးယဲလ်သို့ ယူရိုသန်း ၁၀၀ ဖြင့် ရောက်ရှိလာသူ ဟာဇက်သည် ရာသီအဖွင့်ပွဲမတိုင်မီ တစ်ရက်အလိုတွင် လေ့ကျင့်ရေးကွင်း၌ ပေါင်ဒဏ်ရာရရှိခဲ့သောကြောင့် အနားယူနေရ ခြင်းဖြစ်သည်။ ရီးယဲလ်အသင်းက ဟာဇက် ပြန်ကစားနိုင်မည့်အချိန်ကို ကြေညာခြင်းမရှိသော်လည်း သုံးပတ်မှ လေးပတ်အထိ အနားယူရနိုင် ကြောင်း စပိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။ 

သို့ဖြစ်ရာ ဟာဇက်အနေဖြင့် ဆယ်လ်တာဗီဂို၊ ဗယ်လာဒိုလစ်အသင်းတို့နှင့်ပွဲများကို လွဲချော်ခဲ့သလို ဗီလာရီးယဲလ်အသင်း နှင့်ပွဲကိုပါ ထပ်မံလွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။ ယင်းပွဲအပြီးတွင် နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ဟာဇက်အနေဖြင့် စက်တင်ဘာ ၁၄ ရက်တွင် လီဗန်တေး နှင့်ကစားမည့်ပွဲမှသာ စတင်ပါဝင် နိုင်ဖွယ်ရှိကြောင်း သိရသည်။ 

ဟာဇက်သည် ရီးယဲလ်အသင်း၏ ရာသီကြိုခြေစမ်းပွဲများတွင် ပါဝင်ကစားခဲ့ပြီး ဆာလ်ဇ်ဘာ့ဂ်နှင့်ပွဲ၌ တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent