အင်္ဂလန်ရပ်ဘီကစားသမားဟောင်း ဟက်စ်ကယ်လ် MMA ကစားသမားအဖြစ် ကူးပြောင်းခဲ့ပြီး ဟဲဗီးဝိတ်တန်းတွင် ထိုးသတ်မည်

အင်္ဂလန်ရပ်ဘီကစားသမားဟောင်း ဟက်စ်ကယ်လ် MMA ကစားသမားအဖြစ် ကူးပြောင်းခဲ့ပြီး ဟဲဗီးဝိတ်တန်းတွင် ထိုးသတ်မည်
Photos: Getty Images
Photos: Getty Images
Published 25 August 2019

အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် ဟက်စ်ကယ်လ်သည် အင်္ဂလန်လက်ရွေးစင်ရပ်ဘီအသင်းအတွက် ၇၇ ပွဲ ပါဝင်ကစားခဲ့ပြီး ရပ်ဘီကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ကြိမ်ယှဉ်ပြိုင်ဖူးသလို Six Nations ချန်ပီယံဆု သုံးကြိမ်ရရှိဖူး ကြောင်း သိရသည်။ ၎င်းသည် ခြေချင်းဝတ်နှင့် ခြေချောင်းဒဏ်ရာများကြောင့် ပြီးခဲ့သည့်မေလတွင် ၁၇ နှစ် ကြာကစားလာသည့် ရပ်ဘီကစားသမားဘဝကိုစွန့်လွှတ်၍ အနားယူရန် ဆုံးဖြတ်ခဲ့သည်။ 

အင်္ဂလန်လက်ရွေးစင် ရပ်ဘီ ကစားသမားဟောင်းဖြစ်သည့် ဂျိမ်းစ်ဟက်စ်ကယ်လ်သည် MMA (ဘက်စုံ ကိုယ်ခံပညာသုံးတိုက်ခိုက်ရေးအား ကစားနည်း) ကစားသမားအဖြစ် ကူးပြောင်းခဲ့ပြီး ဟဲဗီးဝိတ်တန်းတွင် ပါဝင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် ဟက်စ်ကယ်လ်သည် အင်္ဂလန်လက်ရွေးစင်ရပ်ဘီအသင်းအတွက် ၇၇ ပွဲ ပါဝင်ကစားခဲ့ပြီး ရပ်ဘီကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ကြိမ်ယှဉ်ပြိုင်ဖူးသလို Six Nations ချန်ပီယံဆု သုံးကြိမ်ရရှိဖူး ကြောင်း သိရသည်။ ၎င်းသည် ခြေချင်းဝတ်နှင့် ခြေချောင်းဒဏ်ရာများကြောင့် ပြီးခဲ့သည့်မေလတွင် ၁၇ နှစ် ကြာကစားလာသည့် ရပ်ဘီကစားသမားဘဝကိုစွန့်လွှတ်၍ အနားယူရန် ဆုံးဖြတ်ခဲ့သည်။ 

သို့သော် ဟက်စ် ကယ်လ်သည် MMA ကစားသမား အဖြစ် ကူးပြောင်းနိုင်ရန် ကြိုးပမ်းခဲ့ရာ သြဂုတ် ၂၂ ရက်တွင် အမေရိကန် အခြေစိုက် MMA ပြိုင်ပွဲများကျင်းပသည့် Bellator MMA အဖွဲ့အစည်း နှင့် သဘောတူ စာချုပ်လက်မှတ်ရေး ထိုးနိုင်ခဲ့ကြောင်း သိရသည်။ အရပ် ခြောက်ပေ လေးလက်မအမြင့်ရှိသူ ဟက်စ်ကယ်လ်သည် ယခင်ကတည်း က MMA အားကစားနည်းကို ၀ါသနာ ပါသူဖြစ်ပြီး MMA ရုပ်သံဝေဖန်သူ အဖြစ်လည်း လုပ်ကိုင်ဖူးကြောင်း သိရသည်။ 

၎င်းသည် နာမည်ကြီး ဗြိတိန် MMA ကစားသမား မိုက်ကယ်ဗီနွန်ပေ့ချ်နှင့် လေ့ကျင့်မှုပြုလုပ်လျက်ရှိပြီး လာမည့်နှစ်အတွင်း ပရော် ဖက်ရှင်နယ်ပွဲစဉ် စတင်ထိုးသတ်ခွင့် ရဖွယ်ရှိနေသည်။ Bellator MMA ကလည်း ၎င်းင်းအနေဖြင့် ၂၀၂၀ ပြည့် နှစ် ပထမနှစ်ဝက်ကာလအတွင်း ဟဲဗီးဝိတ်တန်းပွဲစဉ် ထိုးသတ်ရမည် ဖြစ်ကြောင်း အတည်ပြုထားပြီး ပွဲ ကျင်းပမည့်နေ့ရက်ကိုမူ မထုတ်ပြန်သေးကြောင်း သိရသည်။

ဗက်စ်ကယ်လ်ကဲ့သို့ပင် ပရော်ဖက်ရှင်အားကစားလောကမှ အနားယူပြီးနောက် အခြားပရော်ဖက်ရှင်နယ်တစ်ခုသို့ ကူးပြောင်းခဲ့သူအများအပြားရှိပြီး လိုင်ဘေးရီးယားဂန္ထဝင် ဘောလုံးသမား ဂျော့ချ်ဝီယာ (ယခု လိုင်ဘေးရီးယားသမ္မတ)၊ မန်ယူနှင့် ပြင်သစ်အသင်းတိုက်စစ်မှူးဟောင်း အဲရစ်ကန်တိုနာ (သရုပ်ဆောင်)၊ ယူကရိန်း ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဟောင်း ဗစ်တာလီကလစ်ရှ်ကို (ယခု ကိဗ်မြို့တော်ဝန်) တို့ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent