အဲရစ်ဆင်၏အနာဂတ်အတွက် မဖြေရှင်းနိုင်သေးဘဲ နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် အရေးကြီးဟု ပိုချက်တီနို သုံးသပ်

အဲရစ်ဆင်၏အနာဂတ်အတွက် မဖြေရှင်းနိုင်သေးဘဲ နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် အရေးကြီးဟု ပိုချက်တီနို သုံးသပ်
Photos: Getty Images
Photos: Getty Images
Published 25 August 2019

အဲရစ်ဆင်က ယခုနွေရာသီတွင် အသင်းမှထွက်ခွာခွင့်ရလိုကြောင်း ပြောကြားထားသော်လည်း မန်ယူ အသင်း၏ကမ်းလှမ်းမှုကို လက်မခံဘဲ ပယ်ချခဲ့ပြီး ရီးယဲလ်အသင်းသို့ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရသည်။

စပါးအသင်းနည်းပြ ပိုချက်တီနိုက ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်၏ အနာဂတ်အတွက် မဖြေရှင်းနိုင်သေးကြောင်း နှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမည့်ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် အရေးကြီးကြောင်း သုံးသပ် ပြောကြားခဲ့သည်။

အဲရစ်ဆင်နှင့် စပါးအသင်းတို့၏စာချုပ်မှာ တစ်နှစ်သာကျန်ရှိတော့ပြီး ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ အဲရစ်ဆင်က ယခုနွေရာသီတွင် အသင်းမှထွက်ခွာခွင့်ရလိုကြောင်း ပြောကြားထားသော်လည်း မန်ယူ အသင်း၏ကမ်းလှမ်းမှုကို လက်မခံဘဲ ပယ်ချခဲ့ပြီး ရီးယဲလ်အသင်းသို့ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရသည်။ သို့သော် ရီးယဲလ်အသင်းက တရားဝင်ကမ်းလှမ်းမှုမလုပ်သေးရာ စပါးအသင်းအနေဖြင့် စက်တင်ဘာ ၂ ရက်မတိုင်မီ ရောင်းချခြင်း (သို့မဟုတ်) စာချုပ် သစ်ချုပ်ဆိုရန် ဆွေးနွေးနိုင်ခြင်းမရှိပါက လာမည့်နှစ် နွေရာသီတွင် ပြောင်းရွှေ့ကြေးမပါဘဲ  အလွတ်ထွက်ခွာခွင့်ပြုရမည်ဖြစ်သည်။ 

၎င်း၏အခြေအနေနှင့်ပတ်သက်၍ ပွဲကြိုသတင်းစာရှင်းလင်း ပွဲတွင် ပိုချက်တီနိုက " ဒီအခြေအနေက သူ့ အတွက်ရော အသင်းအတွက်ပါ အကောင်း ဆုံးမဟုတ်ပါဘူး။ ဒီလိုဖြစ်လာလိမ့်မယ်လို့ အသင်းဘက်ကရော ကစားသမားပါ တွေးထားမယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမဲ့ ပြဿနာအတွက် တစ်စုံတစ်ယောက်ကို လက်ညှိုးမထိုးဘဲ အကောင်းဆုံးဖြစ်အောင်ဖြေရှင်းနိုင်ဖို့ ကြိုးစားရမှာပါ။ ကျွန်တော်က အသင်း နဲ့ ဒန်နီယဲလ် (ဥက္ကဋ္ဌ) ရဲ့ ဆုံးဖြတ်ချက်တွေအတွက် အမြဲတမ်းကူညီပေးနေကျပါ။ ဒီလို ဆုံးဖြတ်ချက်တွေက မလွယ်ကူဘူးဆိုတာလည်း ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီလိုအခြေအနေမျိုးမှာ အသင်းအတွက် အကောင်းဆုံးအကျိုးအမြတ် ဖြစ်စေဖို့ပဲ အမြဲကြိုးစားပါတယ်။ ကစားသမားအတွက်လည်း အတူတူပါပဲ။ အရေးကြီးဆုံးအချက်က နှစ်ဖက်စလုံးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ပါပဲ" ဟု ပြောကြားခဲ့သည်။

ထို့အပြင် ပွဲထွက်ကစားသမားစာရင်း ရွေးချယ်မှုနှင့်ပတ်သက်၍ ၎င်းက "ကျွန်တော့် စိတ်ထဲမှာ အကောင်းဆုံးဖြစ်မယ့်ကစားသမား ကိုပဲ ရွေးချယ်ပါတယ်။ တစ်စုံတစ်ယောက် ကစားခွင့်မရဘူးဆိုရင် ကျွန်တော့်စိတ်ထဲမှာ နောက်တစ်ယောက်က ပိုကောင်းတယ်ဆိုပြီး ယုံကြည်နေလို့ဆိုတာ လုံးဝသေချာပါတယ်။ ဒီနေ့တစ်ရက်တည်းအတွက် စွမ်းဆောင်ရည် အပေါ်မှာပဲ မူတည်ပါတယ်" ဟု ဆက်လက် ပြောကြားခဲ့သည်။

Most Read

Most Recent