ဘွန်ဒစ်လီဂါပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၂) ပွဲကြိုသုံးသပ်ချက်
Published 24 August 2019

ဟော်ဖန်ဟင်မ် နှင့် ၀ါဒါဘရီမင် (စနေည ၈းဝ၀ နာရီ)

ဟော်ဖန်ဟင်မ်အသင်း အိမ်ကွင်းမာကျောမှုရှိတာကိုတော့ ထည့်တွက်ရမှာပါ။ ၀ါဒါဘရီမင်ခြေစွမ်း သိပ်ခန့်မှန်းလို့မရလို့ အိမ်ရှင်ဘက်ကပဲ ရပ်တည်တာပိုကောင်းမယ်။

ဒစ်ဆယ်ဒေါ့ဖ် နှင့် လေဗာကူဆင် (စနေည ၈းဝ၀ နာရီ)

ဒစ်ဆယ်ဒေါ့ဖ်အသင်းက ရာသီအစမှာ မထင်မှတ်တာတွေလုပ်ပြဖို့ အသင့်ဖြစ်နေတဲ့ပုံပါပဲ။ လေဗာကူဆင် အဝေးကွင်းမှာ အနိုင်ရဖို့မလွယ်ဘူး။ 

မိန့်ဇ် နှင့် မိုချန်ဂလာဘတ် (စနေည ၈းဝ၀ နာရီ)

မိန့်ဇ်အသင်း မိုချန်ဂလာဘတ်ကို နောက်ဆုံးအနိုင်ရခဲ့တာ ၂၀၁၅- ၁၆ ရာသီကပါ။ ဒါပေမဲ့ မိန့်ဇ်အတွက် သရေမျှော်လင့်ချက်တော့ရှိပါတယ်။

အော့စ်ဘတ် နှင့် အွန်ယွန်းဘာလင် (စနေည ၈းဝ၀ နာရီ)

အဖွင့်ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရထားတဲ့ အသင်း(၂)သင်း တွေ့ဆုံကြတာပါ။ ဘွန်ဒစ်လီဂါသမ္ဘာမရှိတဲ့ အွန်ယွန်းဘာလင်ကို အော့စ်ဘတ် အနိုင်ကစားဖို့များတယ်။

ပါဒါဘွန်း နှင့် ဖရိုင်းဘတ် (စနေည ၈းဝ၀ နာရီ)

ပွဲစဉ်(၁)မှာ တန်းတက်(၃)သင်းစလုံး အရေးနိမ့်ခဲ့ပေမယ့် ပါဒါဘွန်းက လေဗာကူဆင်ကိုတောင် ခံကစားနိုင်ခဲ့တယ်။ ဒီပွဲမှာတော့ ပါဒါဘွန်း အမှတ်ယူလိမ့်မယ်။

ရှော်လ်ကေး နှင့် ဘိုင်ယန်မြူးနစ် (စနေည ၁၁းဝ၀ နာရီ)

ပြီးခဲ့တဲ့တနင်္လာနေ့ကတည်းက ဘိုင်ယန်မြူးနစ်အသင်းမှာ လေ့ကျင့်ခန်းစဆင်းနေပြီဖြစ်တဲ့ ကစားသမားသစ် ကော်တင်ဟို ပွဲထွက်ကစားနိုင်ခြေရှိပါတယ်။ ဘိုင်ယန်အသင်းရဲ့ ၄-၃-၂-၁၊ ၄-၃-၃ ကစားကွက်မှာ ကော်တင်ဟိုကို ဘယ်တောင်ပံမှာပဲ အသုံးပြုနိုင်ခြေများပြီး ကိုးမန်း၊ နာဘရီတို့ထဲက တစ်ဦးကတော့ Line-up ဝင်ဖို့ သိပ်မသေချာတော့ပါဘူး။ ရှော်လ်ကေးအနေနဲ့ ဘွန်ဒစ်လီဂါ အိမ်ကွင်းပွဲတွေမှာ ဘိုင်ယန်ကို နောက်ဆုံးအနိုင်ရခဲ့တာ ၂၀၁ဝပြည့်နှစ်ကဖြစ်ပြီး အဲဒီနောက်ပိုင်းကစားခဲ့တဲ့ (၈)ပွဲမှာ (၁)ပွဲသာသရေကျကာ ကျန်ပွဲအားလုံးက ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။ ရှော်လ်ကေးတိုက်စစ်ပိုင်း အထိုင်မကျနိုင်သေးလို့ ဘိုင်ယန်မြူးနစ်ကိုပဲ ရွေးချယ်ချင်တယ်။

 

Most Read

Most Recent