အီတလီစီးရီးအေပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်
Published 24 August 2019

ပါးမား နှင့် ဂျူဗင်တပ်စ် (စနေည ၁ဝး၃၀ နာရီ)

ရာသီကြိုကာလ ဂျူဗင်တပ်စ်ရဲ့ ခြေစွမ်းက အကောင်းစားပုံစံမျိုးမဟုတ်ဘူး။ ဒီဘားလားအရေးဟာ ဂျူဗင်တပ်စ်တိုက်စစ်ရဲ့တည်ငြိမ်မှုကို ပျက်ပြားစေတယ်။ စီရော်နယ်လ်ဒို ပါဝင်လာရင် ပိုကောင်းလာနိုင်ပေမယ့် အိမ်ကွင်းအဖွင့်ပွဲမှာ မာဂုဏ်မြင့်မားစွာ ပွဲထွက်လာမယ့် ပါးမားကို လျှော့တွက်လို့မရဘူး။ ပြီးခဲ့တဲ့ရာသီမှာ ဂျာဗင်ဟို ခြေစွမ်းပြပြီး ဂျူဗင်တပ်စ်ကို (၃)ဂိုးစီသရေ ကစားခဲ့တာ မေ့ထားလို့မရဘူး။ ဂျူဗင်တပ်စ် (၂)ဂိုးမပြတ်ပါဘူး။

ဖီအိုရင်တီးနား နှင့် နာပိုလီ (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

အမေရိကန်-အီတလီကပြား ရော့ကိုကွန်မစ်ဆို ဖီအိုရင်တီးနားကို ပိုင်ဆိုင်ပြီးနောက် ပရိသတ်သဘောကျအောင် နေပြနေပါတယ်။ လမ်းမပေါ်ထွက်ကစားသမားတွေကြိုဆိုတာ၊ ပရိသတ်တွေနဲ့ အမှတ်တရဓာတ်ပုံရိုက်တာတွေက ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီး ပရိသတ်အချစ်တော် ချီယေဆာ၊ ဆီမြွန်နီတို့ကို ထိန်းသိမ်းထားနိုင်သလို၊ ကွင်းလယ်ပိုင်းအတွက် ပူဂျာ၊ ဘိုတန်၊ ရီဘာရီတို့ကို အားဖြည့်နိုင်ခဲ့လို့ ဖီအိုရင်တီးနားရဲ့ ရာသီသစ်မျှော်လင့်ချက်မြင့်မားနေပါတယ်။ ဂါလာတာစာရေးကို ဂိုးပြတ်အနိုင်ရခဲ့တာက ဖီအိုရင်တီးနားရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပိုမြင့်မားစေပါတယ်။ နာပိုလီက ရာသီကြိုကာလမှာ ဥရောပထိပ်သီးတွေနဲ့ ခြေစမ်းခွင့်ရခဲ့ပြီး ရလဒ်ကောင်းတချို့ပိုင်ဆိုင်ခဲ့ပါတယ်။ နည်းပြ အန်ဆယ်လော့တီရဲ့ (၄-၄-၂)အခင်းအကျင်းနဲ့ ကစားသမားတွေ ပိုပြီးအသားကျလာတာမျိုးလည်း တွေ့ရတယ်။ နှစ်သင်းပေါင်း ဂိုးများနိုင်ပြီး သရေကျဖို့များပါတယ်။ 

Most Read

Most Recent