အင်တာမီလန်အသင်း တာဝန်ရှိသူများသည် မန်ယူအသင်းတိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်၏အပြောင်းအရွှေ့အတွက် ဆွေးနွေးရန် ဗြိတိန်သို့သွားရောက်ခဲ့ကြောင်း Sky Sports Italia သတင်းဌာနက ဖော်ပြသည်။
အင်တာမီလန်အသင်းသည် ယခုနွေရာသီတွင် မန်ယူအသင်းတိုက်စစ်မှူး လူကာကူကို ယူရိုသန်း ၈၀ (ပေါင် ၇၄ သန်း) ဖြင့် ခေါ်ယူထားပြီးဖြစ်သော်လည်း တိုက်စစ်ပိုင်း ထပ်မံအားဖြည့်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
Sky Sports Italia သတင်းဌာန၏ ဖော်ပြချက်အရ အင်တာမီလန်အသင်းတာဝန်ရှိသူ များသည် အပြောင်းအရွှေ့ကိစ္စဆွေးနွေးရန် ဗြိတိန်သို့ရောက်ရှိနေပြီး ပြောင်းရွှေ့ကြေးအတွက် မန်ယူအသင်းနှင့် သဘောတူညီမှုရရန် ကြိုးပမ်းနေကြောင်း သိရသည်။
ထို့ အပြင် အပြောင်းအရွှေ့ဆိုင်ရာကျွမ်းကျင်သူ အီတလီသတင်းထောက် ဒီမာဇီယိုကလည်း ဆန်းချက်ဇ်သည် အင်တာမီလန်အသင်းနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားပြီး ကစားသမား၏အေးဂျင့်မှာလည်း မန်ယူအသင်းနှင့် ဆွေးနွေးရန် ဗြိတိန်သို့သွားရောက်နေပြီဖြစ် ကြောင်း သိရသည်။
အင်တာမီလန်အသင်းသည် အစောပိုင်းတွင် ရိုးမားအသင်းတိုက်စစ် မှူး ဂျက်ကိုçကိုခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ၎င်းမှာ ပြီးခဲ့သည့်ရက်ပိုင်းက သုံးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သောကြောင့် ဆန်းချက်ဇ်ကို ပြောင်းလဲကြိုးပမ်းလာခြင်း ဖြစ်သည်။
အင်တာမီလန်အသင်းသည် ဆန်းချက်ဇ်အပြင် စပါးတိုက်စစ်မှူးဟောင်း လော်ရန်တေး၊ ရယ်ဘစ် (ဖရန့်ဖတ်)၊ ဗာနာ(လိုက်ပ်ဇစ်)၊ မီလစ်ခ် (နာပိုလီ) တို့ကိုလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
ဆန်းချက်ဇ်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းမှ မန်ယူသို့ ပရီးမီးယားလိဂ်စံချိန်တင်လစာဖြင့် ရောက်ရှိလာပြီးနောက် ခြေစွမ်းပြ နိုင်ခြင်းမရှိဘဲ တစ်ရာသီခွဲအတွင်း ၄၅ ပွဲ ကစား ငါးဂိုးသာသွင်းယူနိုင်ခဲ့သလို ချယ်လ် ဆီးအသင်းနှင့် ရာသီအဖွင့်ပွဲတွင်လည်း ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
မန်ယူအသင်းအနေဖြင့် ၎င်းအားရောင်းချပါက တိုက်စစ်နေရာအတွက် လူငယ်ကစားသမား ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်နှင့် ဂရင်းဝုဒ်တို့သာ ကျန်ရှိတော့မည်ဖြစ်ပြီး နည်းပြ ဆိုးလ်ရှားကလည်း ဆက်ရှိစေလိုကြောင်း ပြောကြားထားသည်။