ရီးယဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ရန် ပေါ့ဘာ အလိုရှိနေကြောင်း Marca ဖော်ပြ

ရီးယဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ရန် ပေါ့ဘာ အလိုရှိနေကြောင်း Marca ဖော်ပြ
Photos: Goals,Marca
Photos: Goals,Marca
Published 15 June 2019

အသက် (၂၆)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေ့ါဘာအား မန်ယူအသင်းမှ ရောင်းချလိုခြင်းမရှိသော်လည်း ကစားသမားအနေဖြင့် ရီးယဲလ်အသင်းသို့ပြောင်းရွှေ့လိုနေခြင်းဖြစ်ကြောင်း Marca ကဖော်ပြခဲ့ခြင်းဖြစ်သည်။

 

မန်ယူအသင်း၏ ကွင်းလယ်လူ ပေါ့ဘာအနေဖြင့် မန်ယူအသင်းမှထွက်ခွာပြီး ရီးယဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့ရန် အလိုရှိနေကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေ့ါဘာအား မန်ယူအသင်းမှ ရောင်းချလိုခြင်းမရှိသော်လည်း ကစားသမားအနေဖြင့် ရီးယဲလ်အသင်းသို့ပြောင်းရွှေ့လိုနေခြင်းဖြစ်ကြောင်း Marca ကဖော်ပြခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် အသင်းအားငွေကြေးများစွာအသုံးပြုကာ အကြီးစားပြင်ဆင်မှုပြုလုပ်နေပြီး ပေါ့ဘာမှာလည်း ရီးယဲလ်နည်းပြဇီဒန်းအလိုရှိနေသည့် ကစားသမားတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။

ရီးယဲလ်မက်ဒရစ်နှင့် ပေ့ါဘာတို့၏အပြောင်းအရွှေ့သတင်းများမှာ ပြီးခဲ့သည့် မေလအစောပိုင်းကတည်းကထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ၄င်းတို့၏ ကြယ်ပွင့်ကစားသမားကို အသင်းတွေသာ ဆက်ရှိနေစေရန် ဆန္ဒပြင်းပြနေကြောင်းသိရသည်။

လက်ရှိအချိန်တွင် ပေါ့ဘာနှင့် မန်ယူအသင်းတို့၏ စာချုပ်သက်တမ်း (၂)နှစ်ကျန်ရှိနေသေးပြီး ရီးယဲလ်အသင်းအနေဖြင့် ပေါ့ဘာအားခေါ်ယူလိုပါက မြင့်မားသည့်ပြောင်းရွှေ့ကြေးတစ်ရပ်ကို ပေးချေရဖွယ်ရှိနေသည်။

 

Most Read

Most Recent