UEFA Nations League ချန်ပီယံ ပေါ်တူဂီကမ္ဘာ့အဆင့် (၅) သို့ မြင့်တက်လာ

UEFA Nations League ချန်ပီယံ ပေါ်တူဂီကမ္ဘာ့အဆင့် (၅) သို့ မြင့်တက်လာ
Photos: AFP
Photos: AFP
Published 15 June 2019

ပေါ်တူဂီအသင်းသည် ပထမဆုံးအကြိမ်ကျင်းပသည့် UEFA Nations League ပြိုင် ပွဲတွင် နယ်သာလန်အသင်းကို (၁- ၀) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သောကြောင့် ယခင်လထက် နှစ်ဆင့်မြင့်တက်ကာ အဆင့် (၅) သို့ ရောက်ရှိလာခြင်းဖြစ်သည်။

 

နိုင်ငံလက်ရွေးစင် အမျိုးသားအသင်းများ၏ ကမ္ဘာ့အဆင့်ရပ်တည်မှုကို ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) က ဇွန် ၁၄ ရက် တွင် ထုတ်ပြန်ရာ UEFA Nations League ပြိုင်ပွဲချန်ပီယံ ပေါ်တူဂီအသင်းက အဆင့် (၅) နေရာသို့ မြင့်တက်လာကြောင်း သိရသည်။

ပေါ်တူဂီအသင်းသည် ပထမဆုံးအကြိမ်ကျင်းပသည့် UEFA Nations League ပြိုင် ပွဲတွင် နယ်သာလန်အသင်းကို (၁- ၀) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သောကြောင့် ယခင်လထက် နှစ်ဆင့်မြင့်တက်ကာ အဆင့် (၅) သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ကမ္ဘာ့အဆင့် (၁) မှ (၄) နေရာအထိ အသင်းများမှာမူ အပြောင်းအလဲမရှိဘဲ ဘယ်လ်ဂျီယံအသင်းက ထိပ်ဆုံးနေရာ၌ ဆက်လက်ဦးဆောင်နေဆဲဖြစ်ပြီး စပိန်အသင်းက နှစ်ဆင့်မြင့်တက်ကာ အဆင့် (၇)၊ ဂျာမနီအသင်းက နှစ်ဆင့်မြင့်တက်ကာ အဆင့် (၁၁) နှင့် နယ်သာလန်အသင်းက နှစ်ဆင့်မြင့် တက်ကာ အဆင့် (၁၄) သို့ ရောက်ရှိလာသည်။

မြန်မာအသင်းမှာလည်း အဆင့် (၁၄၀) မှ (၁၃၈) သို့ နှစ်ဆင့်မြင့်တက်လာသည်။

Most Read

Most Recent