လာမည့်ရာသီတွင် ဇီဒန်း ရှင်းထုတ်မည့်ကစားသမား (၁၄)ဦးအထိ ရှိနေ

လာမည့်ရာသီတွင် ဇီဒန်း ရှင်းထုတ်မည့်ကစားသမား (၁၄)ဦးအထိ ရှိနေ
Photo: AS
Photo: AS
Published 17 May 2019

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် လာမည့်ရာသီတွင် အသင်းမှ ကစားသမားအများအပြားကို ရှင်းထုတ်တော့မည်ဖြစ်ပြီး အသင်းမှထွက်ခွာရမည့် ကစားသမားအရေအတွက်မှာ (၁၄)ဦးအထိရှိနေသည်ဟု သိရှိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် လာမည့်ရာသီတွင် အသင်းမှ ကစားသမားအများအပြားကို ရှင်းထုတ်တော့မည်ဖြစ်ပြီး အသင်းမှထွက်ခွာရမည့် ကစားသမားအရေအတွက်မှာ (၁၄)ဦးအထိရှိနေသည်ဟု သိရှိရသည်။

    

ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါအောင်မြင်မှုကို မော်ရင်ဟိုနှင့်အတူ ၂၀၁၁-၁၂ ရာသီက နောက်ဆုံးရရှိခဲ့ပြီးနောက်ပိုင်းတွင် နောက်ဆုံး (၇)ရာသီအတွင်း တစ်ကြိမ်သာရရှိခဲ့သည့်အပြင် ယခုရာသီတွင်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ရှုံးထွက်အဆင့်မှ အရှက်တကွဲထွက်ခွာခဲ့ရသည်။ 

ယင်းအတွက်ကြောင့် နည်းပြဟောင်း ဇီဒန်းကို ပြန်လည်ခေါ်ယူခဲ့ပြီးနောက် အောင်မြင်မှုများပြန်လည်ရရှိအောင် တည်ဆောက်သွားမည်ဖြစ်ပြီး အသင်းကို အကြီးစားပြောင်းလဲမှုများပြုလုပ်ရန် ဇီဒန်းက စီစဉ်နေပြီဟုလည်း စပိန်မီဒီ ယာများက ဖော်ပြခဲ့သည်။

    

ဇီဒန်းသည် လက်ရှိအချိန်တွင် ထိပ်တန်းကစားသမားများထဲမှ ဟာဇက်၊ ပေါ့ဘာ၊ ယိုဗစ်၊ အဲရစ်ဆင်တို့အပါအဝင် နာမည်ကျော်ကစားသမားများကို ပစ်မှတ်ထားနေပြီး၊ အသင်းမှ ကစားသမား(၁၄)ဦးကိုလည်း ရောင်းထုတ်ရန် စီစဉ်နေသည်။ ယင်းကစားသမားများထဲတွင် ဘေးလ်၊ ကိုဗာချစ်၊ နာဗတ်စ်တို့လည်း ပါဝင်နေသည်ဟု သိရှိရသည်။ 

■ ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာဖွယ်ရှိသူများ

ဂိုး  -  ကေလာနာဗတ်စ်

နောက်  -  ဗယ်လေဟို၊ ရယ်ဂီလွန်၊ သီယိုဟာနန်ဒက်ဇ် 

လယ်  -  စီဘယ်ယို့စ်၊ အိုဒီဂါ၊ လော်ရန်တေး၊ ကိုဗာချစ်၊ ဟာမီးစ်၊  အော်စကာရိုဒရီဂွက်ဇ်

ရှေ့  -  ဂါရတ်ဘေးလ်၊ ဗက်ဇ်ကေး၊ ဘရာဟင်မ်ဒီယက်ဇ်၊ မာရီယာနို

Most Read

Most Recent