Nations League ပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်(၂၇)ဦးကို ဆောက်ဂိတ် ရွေးချယ်ခဲ့ပြီး ဒဏ်ရာရနေသည့် ဟာရီကိန်း ပါဝင်လာခဲ့

Nations League ပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်(၂၇)ဦးကို ဆောက်ဂိတ် ရွေးချယ်ခဲ့ပြီး ဒဏ်ရာရနေသည့် ဟာရီကိန်း ပါဝင်လာခဲ့
Photos: Getty Images &  Reuters
Photos: Getty Images & Reuters
Published 17 May 2019

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် Nations League ပြိုင်ပွဲအတွက် ကစားသမား(၂၇)ဦးကို ရွေးချယ်ခဲ့ရာ ဒဏ်ရာရနေသည့် စပါးတိုက်စစ်မှူး ဟာရီကိန်း ပါဝင်လာခဲ့ကြောင်း သိရှိရသည်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် Nations League ပြိုင်ပွဲအတွက် ကစားသမား(၂၇)ဦးကို ရွေးချယ်ခဲ့ရာ ဒဏ်ရာရနေသည့် စပါးတိုက်စစ်မှူး ဟာရီကိန်း ပါဝင်လာခဲ့ကြောင်း သိရှိရသည်။

အင်္ဂလန်အသင်းသည် Nations League ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဇွန်လ(၆)ရက်နေ့တွင် နယ်သာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ထို့နောက် ဇွန်လ(၉)ရက်နေ့တွင် တတိယလုပွဲ (သို့မဟုတ်) ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်၍ ယင်းပွဲစဉ်နှစ်ပွဲအတွက် လက်ရွေးစင်အသင်းကို ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။ 

အင်္ဂလန်နည်းပြ ဆောက်ဂိတ်၏ ရွေးချယ်မှုတွင် စပါးအသင်းမှ ဒဏ်ရာရကစားသမားများဖြစ်သည့် ဟာရီကိန်းနှင့် ဟယ်ရီဝင့်ခ်တို့ ပါဝင်လာခြင်းမှာ ထူးခြားမှုဖြစ်သလို၊ ဆောက်သမ်တန်အသင်းမှ တောင်ပံကစားသမား ရက်ဒ်မွန်းကို ရွေးချယ်ခဲ့သည့်အတွက်လည်း အံ့အားသင့်စရာဖြစ်သည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ရက်ဒ်မွန်းသည် ၂၀၁၇ ခုနှစ်က အင်္ဂလန်အသင်းအတွက် တစ်ပွဲသာပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး ယခုမှ တစ်ကျော့ပြန်ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ 

ဆောက်ဂိတ်ကမူ "သူက ဒီရာသီမှာ ကောင်းကောင်းကစားခဲ့နိုင်ပါတယ်။ သူ့အနေနဲ့ အခွင့်အရေးရသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

 

ထို့ပြင် ဟာရီကိန်းနှင့် ဟယ်ရီဝင့်ခ်တို့မှာလည်း ပဏာမလူစာရင်းတွင် ပါဝင်ထိုက်သူများဖြစ်သည်ဟု ဆိုခဲ့သည်။

ဆောက်ဂိတ်သည် နောက်ဆုံး(၂၃)ဦးစာရင်း ကို မေလ(၂၇)ရက်တွင် ထုတ်ပြန်သွားမည်ဟုလည်း သိရှိရသည်။

 

Most Read

Most Recent