ကော်တင်ဟိုအား အနည်းဆုံးပေါင်သန်း (၁၀၀)ရမှသာ ဘာစီလိုနာအသင်း ရောင်းချမည်

ကော်တင်ဟိုအား အနည်းဆုံးပေါင်သန်း (၁၀၀)ရမှသာ ဘာစီလိုနာအသင်း ရောင်းချမည်
Photo: Getty Images
Photo: Getty Images
Published 15 May 2019

ဘာစီလိုနာအသင်းသည် အသင်းတွင် ခြေစွမ်းပြရန် ရုန်းကန်နေရသည့် ကော်တင်ဟိုကို အနည်းဆုံးပေါင်သန်း (၁၀၀)ရမှသာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် အသင်းတွင် ခြေစွမ်းပြရန် ရုန်းကန်နေရသည့် ကော်တင်ဟိုကို အနည်းဆုံးပေါင်သန်း (၁၀၀)ရမှသာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အသက် (၂၆)နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလက လီဗာပူးလ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပေါင် (၁၄၅)သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။ 

ဘာစီလိုနာအသင်းသည် ကော်တင်ဟိုအား အသင်းမှ ထွက်ခွာသွားသည့် နေမာ၏နေရာတွင် အစားထိုးရန်ခေါ်ယူခဲ့ခြင်းဖြစ်သော်လည်း ကော်တင်ဟိုမှာ ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် အသင်းပရိသတ်များ၏ လှောင်ပြောင်မှုများကိုပါ ခံနေရသူဖြစ်သည်။

ထို့ကြောင့် ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီတွင် ကော်တင်ဟိုကို ရောင်းချသွားဖွယ်ရှိသည်ဟု စပိန်မီဒီယာများက ဖော်ပြနေကြပြီး ၄င်းကိုခေါ်ယူရန် PSG၊ မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေကြကြောင်းသိရသည်။

သို့သော် ဘာစီလိုနာအသင်းသည် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည့် ကော်တင်ဟိုအတွက် ပေါင်သန်း (၁၀၀)အထိအလိုရှိနေပြီး ယင်းထက်နည်းပါးသည့်ငွေကြေးပမာဏဖြင့် ကမ်းလှမ်းလာပါက လက်ခံဖွယ်မရှိကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။

ကော်တင်ဟိုသည် ဘာစီလိုနာအသင်းအတွက် ကစားခဲ့သည့် (၁၈)လတာကာလအတွင်း ပြိုင်ပွဲစုံ (၇၄)ပွဲတွင် (၂၁)ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဘာစီလိုနာပရိသတ်များမှာ ၄င်း၏ခြေစွမ်းကို နှစ်သက်ခြင်းမရှိဘဲ လှောင်ပြောင်နေကြခြင်းဖြစ်သည်။

Most Read

Most Recent