ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့) ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့) ပွဲကြိုသုံးသပ်ချက်
Photos : AFP
Photos : AFP
Published 30 April 2019

စပါး နှင့် အေဂျက်စ် (ဗုဒ္ဓဟူးနံနက် ၁း၃၀ နာရီ)



စိတ်ဝင်စားစရာပွဲတစ်ပွဲပါ။ နှစ်သင်းစလုံးက ဒီအဆင့်ကို အောက်အသင်းအနေအထားကနေ တက်လာကြတဲ့အသင်း တွေဖြစ်တယ်။ ဆီမီးဖိုင်နယ်အဆင့်နဲ့ထိုက်တန်တဲ့ ခြေစွမ်းရှိသလို၊ အရည်အသွေးမြင့် လူငယ်တွေနဲ့ စုဖွဲ့ထားကြတယ်။ အေ ဂျက်စ်က ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့စလုံးသရေကစားခဲ့သလို၊ ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်ကိုလည်း ကျော် ဖြတ်နိုင်ခဲ့တယ်။ ရီးယဲလ်က ဒီဘက်နှစ်တွေမှာ အားအနည်းဆုံးဖြစ်နေတယ်ဆိုရင်တောင် (၁-၄)ဆိုတဲ့ ရလဒ်က အံ့သြစရာ ကောင်းတဲ့ရလဒ် ဖြစ်တယ်။ ဂျူဗင်တပ်စ်ကလည်း ဒီရာသီမှာ အကျစ်လျစ်ဆုံး၊ အတည်ငြိမ်ဆုံးအသင်းတွေထဲက အသင်းဖြစ် ပြီး စီးရီးအေရဲ့အငြင်းပွားဖွယ်မရှိ အကောင်းဆုံးအသင်းပါ။ ဒါပေမဲ့ ရီးယဲလ်နဲ့ ကစားခဲ့တဲ့ နှစ်ပွဲ၊ ဂျူဗင်တပ်စ်နဲ့ ကစားခဲ့တဲ့ (၂) ပွဲ၊ စုစုပေါင်း (၄)ပွဲစလုံးမှာ အေဂျက်စ်က ပိုကောင်းအောင် ကစားပြနိုင်ခဲ့တာတွေ့ရတယ်။ အရှိန်အဝါနဲ့ အတွေ့အကြုံပိုင်းကွာ ပေမယ့် ဒီယွန်း ဦးဆောင်တဲ့ အေဂျက်စ်ရဲ့ လူငယ်ကွင်းလယ်လူတွေအတွက် ကရို့စ်၊ မိုဒရစ်၊ မာတွီဒီ၊ ယာနစ်တို့လို ကွင်းလယ် လူတွေက အိုလွန်းပြီး အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ကြတယ်။ စပါးကလည်း (၁၆)သင်းအဆင့်မှာ အားလုံးရဲ့အထင်ကြီးမှုကို ခံနေရတဲ့ ဒေါ့မွန်ကိုကျော်ဖြတ်ခဲ့ပြီးနောက် ကွာတားဖိုင်နယ်မှာ လက်ရှိဥရောပအကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ် တဲ့ မန်စီးတီးကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒီပွဲအတွက် စဉ်းစားရင် စပါးအတွက် အေဂျက်စ်က ကစားနေကျပြိုင်ဘက်မျိုးဖြစ်ပေ မယ့် အေဂျက်စ်အတွက်တော့ စပါးဟာ ဂျူဗင်တပ်စ်၊ ရီးယဲလ်တို့လို အသင်းမျိုးမဟုတ်ဘဲ အေဂျက်စ်လိုပဲ မာကျောတဲ့၊ လျင် မြန်တဲ့ ကစားသမားတွေရှိပြီး၊ စုဖွဲ့မှုကောင်းတဲ့အသင်းဖြစ်နေတယ်။ ဒါက အေဂျက်စ်အတွက် အခက်အခဲရှိနိုင်တဲ့ အခြေ အနေပါ။ ဆွန်ဟောင်မင်၊ အဲရစ်ဆင်တို့ မကစားနိုင်တဲ့ ပြဿနာရှိနေရင်တောင် ဒီပွဲကတော့ စပါးရဲ့ပွဲဖြစ်နိုင်တယ်။ 

 

 



 

Most Read

Most Recent